Sunday, November 17, 2013

ကလေးအမည်တပ် လူကြီးအကြွေစေ့ လောင်းကစားဝိုင်းများ


ကလေးအမည်တပ် လူကြီးအကြွေစေ့ လောင်းကစားဝိုင်းများ

ကလေးကစားကွင်းဟု အမည်တပ်ထားသော်လည်း လူကြီးများသာ တွေ့ရလေ့ရှိသည်။

ရန်ကုန်မြို့တော်တွင် လူနေမှု အဆင့်အတန်း မြင့်မားလာခြင်း နှင့်အတူ အပန်းဖြေစရာ အဆင့်မြင့် ကလေးကစားကွင်း၊ အဆင့်မြင့် အပန်းဖြေစင်တာများ အများအပြား ပေါ်ထွက်လာသည်။ ရန်ကုန်မြို့တော်၏ လူစည်ကားရာလမ်းမများ၊ အချက်အချာကျ သော နေရာများတွင် ဂိမ်းစင်တာများ ဖွင့်လှစ်လာသကဲ့သို့ ဈေးဝယ်စင်တာ များတွင် ဈေးဝယ်သူများ စိတ်အပန်းပြေစေရန် အပန်းဖြေ ဂိမ်းစင်တာ၊ ကလေးကစားကွင်း များပါ ထည့်သွင်း တည်ဆောက်လာသည်။

နာမည်ကျော် ကလေးကစားကွင်း၊ အပန်းဖြေကစားကွင်း များတွင် ရရှိလာသော ကူပွန်၊ အကြွေစေ့များကို လက်ဆောင် ပစ္စည်းများ လဲလှယ်ကာ အပျော်တမ်း ကစားနည်းများ ဆောင်ရွက်မှုများ ရှိသော်လည်း အချို့သော ကလေးကစားကွင်း၊ အပန်းဖြေ စင်တာများသည် အဆင့်မြင့် အကြွေစေ့ ဂိမ်းစက်များ အများစု နေရာယူလေ့ရှိသည်။

နည်းပညာ တိုးတက်လာမှုကြောင့် အကြွေစေ့ ဂိမ်းစက်များတွင် အကြွေစေ့များ ထည့်သွင်းရန်မလိုဘဲ ကစားလိုသော ငွေပမာဏကို ဂဏန်းရိုက်ထည့်ကာ ဆော့ ကစားနိုင်ပြီး အနိုင်အရှုံးကို အဆိုပါ စက်က တွက်ချက်ပေးသည် အထိပင်ဖြစ်လာသည်။ အကြွေစေ့ ဂိမ်းကစားနည်းများမှာ သီးစုံ၊ ငါးမန်း၊ ဂဏန်းထိုးသော ကစားနည်းများနှင့် အခြားသော ကစားနည်း အမျိုးပေါင်း ၂၀ ကျော်ခန့်ရှိသည်။
အပန်းဖြေ အဆင့်မြင့်ကစားကွင်းများ၊ ကလေးကစားကွင်း (Amusement Centre) ဟု အမည်တပ်ထားသော နေရာများတွင် ကလေးများထက် ဆယ်ကျော်သက်၊ လူလတ်ပိုင်းနှင့် လူကြီးပိုင်းများ အများစုကို တွေ့မြင်ရသည်။

“ပထမပိုင်းတွေတော့ နိုင်သေးတယ်။ နောက်ပိုင်း လိုက်ရင်းလိုက်ရင်းနဲ့ ကုန်သွားတာ” ဟု တာမွေမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။
အကြွေစေ့ဂိမ်း များကြောင့် အခြားသူ၏ ပစ္စည်းကို လောဘဖြင့် အလွယ်ရယူ လိုသောစိတ်၊ ဂိမ်းဆော့ကစားရာတွင် ရှုံးလာပါက မိမိပိုင်ပစ္စည်းများ၊ မိသားစုဝင် များ၏ တန်ဖိုးကြီး ပစ္စည်းများကို ရောင်းချ ပေါင်နှံကစားသူများ ရှိလာရာ မိသားစုတွင် အတွင်းရန်သူ ရှိသကဲ့သို့ပင် ဖြစ်ကြောင်း သင်္ဃန်းကျွန်း မြို့နယ်၊ ငမိုးရိပ်ရပ်ကွက်တွင် နေထိုင်သူ တက္ကသိုလ်ကထိက ဆရာမ တစ်ဦးက ပြောကြားသည်။

“ရေးထားတော့ ကလေးကစားကွင်းတဲ့၊ ကလေးကစားဖို့က ဟန်ပြပဲ။ အထဲမှာ လူကြီးတွေချည်းပဲ” ဟု ကျောက်တံတား မြို့နယ်တွင် တံဆိပ်တုံးလုပ်ငန်း လုပ်ကိုင်သူ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ ကလေးကစားကွင်း (Amusement Centre) များတွင် ကစားကွင်း ဝန်ထမ်းတစ်ဦးက အကြွေစေ့ ကစားသူများထံမှ အကြွေစေ့ဝယ်ခြင်း၊ ရောင်းခြင်းများ ဆောင်ရွက်ပေးသည်။

ကစားကွင်း ကောင်တာတွင် တစ်စေ့လျှင် ကျပ် ၁၀၀ ဖြင့် ရောင်းချသော အကြွေစေ့သည် ၄င်းထံတွင် ၉၅ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး ကစားသူက ပြန်ရောင်းလိုပါက ကျပ် ၉ဝ ဖြင့် လက်ခံဝယ်ယူသည့် လောင်းကစား ဆန်လာသော ငွေပေးငွေယူမှု များအထိ လုပ်ကိုင်လာသည်။

“ဒီအကြွေစေ့ဂိမ်း တွေကြောင့် ဘဝ ပျက်သူပျက်၊ လင်မယားကွဲ၊ ကားပါကုန်တဲ့ သူတွေရှိတယ်” ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူ အသက် ၂၇နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။
ယင်းကစားကွင်း အပန်းဖြေနေရာ များကို လာရောက်ကစားသူများ အပန်းဖြေရန် အတွက်သာ တရားဝင်လိုင်စင်ဖြင့် ခွင့်ပြုထား သော်လည်း ယင်းနောက်ကွယ်တွင် မမြင်နိုင်သော လောင်းကစားပုံသဏ္ဌာန် မျိုးစုံဖြင့် လုပ်ကိုင်မှုများလည်း ရှိသည်။

“ဆိုင်ထဲမှာ ကောင်တာက အလုပ်မရှုပ်ဘူး။ ဂိမ်းစက်နားက ဝန်ထမ်းကောင်မလေး တွေက စာရွက်တွေနဲ့ ရေးမှတ်လိုက် သော့နဲ့ ပိုက်ဆံထည့်လိုက် ငွေကြေးစာရင်းမှတ် လိုက်နဲ့ အလုပ်တွေ ရှုပ်နေတာပဲ။ မဲပြီးသာ ထိုးနေကြတာ ဘယ်လို အကျိုးအမြတ်တွေ ရှိတယ်၊ ဘယ်လိုတွေ ရသလဲဆိုတာ၊ တစ်ခါတလေ လာကြည့်သူအနေနဲ့ မသိနိုင်ဘူး” ဟု သိမ်ကြီးဈေး (စီ)ရုံတွင် ဖွင့်လှစ်ထား သော ဂိမ်းစင်တာတစ်ခုကို ရောက်ရှိခဲ့သူ အသက် ၃ဝ အမျိုးသားတစ်ဦးက ပြောကြား သည်။

ဂိမ်းစင်တာ၊ အပန်းဖြေ ကစားကွင်း၊ ကလေးကစားကွင်းများကို တာဝန်ရှိသူများက ကလေးများ ပျော်ရွှင်စွာကစားရန်၊ လူကြီးများ စိတ်အပန်းဖြေရန် အတွက် ခွင့်ပြု ထားသော်လည်း ကစားကွင်း အမည်ခံကာ လောင်းကစားဆန်သော ကစားနည်းများကို ဆောင်ရွက်ရန် မသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ခေတ်မီ ကလေးကစားကွင်းများ၊ အပန်းဖြေ ကစားကွင်းများ အမည်ခံကာ လောင်းကစားဆန်သည့် အကြွေစေ့ ဂိမ်းကစားမှု များသည် လူငယ်များအတွက် အကျင့်စာရိတ္တပိုင်း ဆိုင်ရာ ယိုယွင်းမှုများ ဖြစ်စေနိုင်ခြင်း တို့ကြောင့် ကြပ်မတ်စွာ ထိန်းချုပ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် ဖွင့်လှစ်ထားသော ကလေးကစားကွင်း၊ အပန်းဖြေ ကစားကွင်းစင်တာများ လုပ်ကိုင်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံဌာနက တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကလေးကစားကွင်း၊ အပန်းဖြေကစားကွင်း လုပ်ငန်းလုပ်ကိုင် ခွင့်ကို စိစစ်ထုတ်ပေးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာန ထံမှ သိရှိရသည်။

အပန်းဖြေကစားကွင်း ကလေး ကစားကွင်းစင်တာများ လုပ်ကိုင်ရာတွင် ဖွင့်လှစ်မည့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ဂိမ်းစက်ပစ္စည်းများ တရား ဝင်တင်သွင်းလာမှု စာရွက်စာတမ်းများ၊ ယင်းအဖွဲ့မှ မြေပြင်တွင် ကွင်းဆင်းစစ် ဆေးပြီး လုပ်ငန်းတည်နေရာ မီးသတ်၏ ထောက်ခံချက်၊ လျှပ်စစ်၊ ကျန်းမာရေးဌာန လုပ်ငန်းတည်နေရာနှင့် အနီးဆုံး ပတ်ဝန်းကျင် ၁၀ ဦး၏ ထောက်ခံချက်၊ လုပ်ငန်းနှင့် သက်ဆိုင်သော ဌာနဆိုင်ရာများ၏ ထောက်ခံချက်များ ပါဝင်ကာ မြို့နယ်ရုံးတွင် လျှောက်ထားရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) စီမံရေးရာဌာနထံမှ သိရှိရသည်။

လျှောက်ထားရာတွင် အသုံးပြုသော ကလေးကစားကွင်း စက်ပစ္စည်းများသည် လောင်းကစားပြုသော စက်မဟုတ်ကြောင်းကို တာဝန်ခံရမည်ဖြစ်ပြီး လောင်းကစား ပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်းနှင့် လိုင်စင်ပိတ်သိမ်းသည် အထိ ဆောင်ရွက်ရမည်ကို ဝန်ခံသိရှိ ကြောင်း လျှောက်ထားသူဘက်က ဝန်ခံချက် ရေးသား လျှောက်ထားရမည် ဖြစ်ကြောင်း Y.C.D.C စီမံရေးရာ ဌာနထံမှ သိရှိရသည်။
လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားမှုကို မြေပြင်တွင် ကွင်းဆင်းစစ်ဆေးပြီးနောက် ခရိုင်ရုံးမှ ထပ်မံစိစစ်ပြီး Y.C.D.C၊ စီမံရေးရာဌာနထံ တင်ပြရကြောင်း၊ လုပ်ငန်းလိုင်စင် ပေးရန် စီမံဌာနမှ တစ်ဆင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ အစည်းအဝေးတွင် ခွင့်ပြုရန် သင့်မသင့် ဆုံးဖြတ်ပြီး တိုင်းဒေသကြီး အစိုးရထံ ထပ်မံတင်ပြကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် ချထားပေးသော လုပ်ငန်းများ ဖြစ်ကြောင်း Y.C.D.C စီမံရေးရာဌာန ထံမှ သိရှိရသည်။

အပန်းဖြေကစားကွင်း စင်တာ၊ ကလေးကစားကွင်းများ လုပ်ငန်းလိုင်စင် ပေးရန် လိုအပ်ပါက စစ်ဆေးမှုများကို ထပ်မံ ဆောင်ရွက်ပြီး လတ်တလောတွင် အပန်းဖြေ ကစားကွင်းစင်တာ သုံးခုကို လုပ်ငန်းလိုင်စင် ချပေးရန် တိုင်းဒေသကြီးအစိုးရက ပြန်လည်စိစစ်ရန် အကြံပြုချက်ကြောင့် ပြန်လည် စိစစ်လျက် ရှိကြောင်း၊ အပန်းဖြေ ကစားကွင်းစင်တာ လုပ်ငန်းလိုင်စင်ပေးရန် အဆင့်ဆင့်စစ်ဆေး အတည်ပြုရ သောကြောင့် နှစ်ပတ်မှ ၄၅ ရက်ခန့် ကြာမြင့်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သူတို့က စက်တွေပြပြီး ဒါကို ဒီလို ဆော့ရတယ်သာ ပြောပေမယ့် သူတို့ပြောတာပဲ သိတာ။ စက်အကြောင်း၊ ဒီစက်က ဘယ်လိုလောင်းကစားနည်းနဲ့ လုပ်ရတယ် ဆိုတာ သွားစစ်တဲ့သူတွေ ကိုယ်တိုင် နားမလည်နိုင်တာမျိုး ရှိတယ်” ဟု ၄င်းက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော အပန်းဖြေကစားကွင်းနှင့် ကလေး ကစားကွင်းဆိုင် များမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန် ထားသော စည်းမျဉ်းစည်းကမ်း များအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်သော်လည်း ဆိုင်အတွင်း ငွေကြေးလောင်းကစား ပါဝင် လာပါက သက်ဆိုင်ရာ ရဲစခန်းနှင့် တိုင်း ရဲတပ်ဖွဲ့ရုံးသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီဆိုင်တွေကြောင့် ကျောင်းသားတွေ လောင်းကစား လုပ်တတ်ပြီး ပျက်စီး လာကြတယ်။ ခေတ်မီအပန်းဖြေ အဆင့်မြင့် ကစားကွင်းတွေကို တိုင်းဒေသကြီး ခွင့်ပြုမိန့်နဲ့ ဖွင့်လှစ်တာ မှန်ပေမယ့် စည်ပင်က လိုင်စင်ထုတ်ပေးပြီးမှ တိုင်းဒေသကြီးကို မူသဘောအရ ခွင့်ပြုမိန့်တင်တာ။ သတ်မှတ်ချက် စည်းကမ်းတွေကို မလိုက်နာဘဲ လောင်းကစား ပြုလုပ်လာတယ်ဆိုရင် ရဲက ဖမ်းရမှာပဲ” ၄င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ခေတ်မီ ကလေးကစားကွင်း၊ ခေတ်မီအပန်းဖြေ ကစားကွင်း လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင် ထုတ်ပေးထားသည်မှာ ၃၉ ခုသာရှိကြောင်း ယင်းဌာနထံမှ သိရှိရသည်။
သို့သော် အကြွေစေ့ လောင်းကစား စက်များမှာ ဆင်ခြေဖုံးမြို့နယ် များတွင် ရာနှင့်ချီ ရှိနိုင်ကြောင်း မြို့ခံအချို့က ဆိုသည်။

အကြွေစေ့ ဂိမ်းဆိုင်အများစုမှာ ရပ်ကွက်များတွင် Network ဂိမ်းဆိုင်အဖြစ် လုပ်ငန်းလိုင်စင် ယူပြီး ဆိုင်များဖွင့်ကာ ပြင်ပမှ ဆိုင်အတွင်း လွယ်ကူစွာ မမြင်နိုင် စေရန် ခန်းဆီးလိုက်ကာများကို တံခါးပေါက် အပြည့်တပ်ဆင်ထားပြီး ဂိမ်းစက်များမှ အသံများ အပြင်သို့ မကြားနိုင်စေရန် စီမံထား ကြောင်း၊ အဆိုပါဂိမ်းဆိုင်များ အနီးတွင် ရဲတပ်ဖွဲ့ဝင်များနှင့် သတင်းပေးများ စီးနင်းသော မော်တော်ဆိုင်ကယ် များကို မကြာခဏ တွေ့ရှိရသောကြောင့် သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များနှင့် အပေးအယူ ပြုလုပ်ပြီး ဖွင့်လှစ်နေသည်ဟု ယူဆကြောင်း ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ လသာမြို့နယ် တို့တွင် အဆိုပါဂိမ်းဆိုင်များကို အများဆုံး ဖွင့်လှစ်ထားသည်ကို တွေ့ရှိရပြီး အဆိုပါ ဂိမ်းစက်များမှာ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော ကာစီနို လောင်းကစားစက်များ ဖြစ်ကြောင်း၊ ဂိမ်းစက်များကို ကွန်ပျူတာ ဆော့ဖ်ဝဲများဖြင့် ပြုပြင်ထားပြီး လောင်းကစားငွေ ပမာဏကိုကြည့်ကာ စက်ကို အနိုင်အရှုံး အခွင့်အရေးများ ပြုပြင်ပြောင်းလဲ နိုင်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကဆိုသည်။

အကြွေစေ့ ဂိမ်းဆိုင်များတွင် ရုပ်ရည်လှပသော မိန်းကလေးဝန်ထမ်းများကို ခန့်ထားပြီး လာရောက် ကစားသူများကို အချို့ဆိုင်များတွင် ဘီယာ၊ အချိုရည်၊ စီးကရက်များကို အခမဲ့ ဝန်ဆောင်မှုပေးကာ မပြန်ချင်အောင် ဆွဲဆောင်ကြောင်း ပုဇွန်တောင် မြို့နယ်တွင်းရှိ ဂိမ်းဆိုင်အနီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။
“တရားဝင် လောင်းကစား ပြုလုပ်ခွင့် ရထားတာ ကျနေတာပဲ။ ဆိုင်ထဲမှာ ကျောင်းသားတွေနဲ့ ရပ်ကွက်ထဲက လူတွေ ကစားနေကြတာ နိုင်ငံခြားဇာတ်လမ်းခွေ တွေထဲက ကာစီနိုကြီးတွေ ကျနေတာပဲ” ဟု၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် စည်ပင်သာယာ နယ်နိမိတ်တွင်း လုပ်ငန်းလုပ်ကိုင်ခွင့် ကိုသာ ချထားပေးခြင်းသာ ဖြစ်ပြီး အပန်းဖြေကစားကွင်း ၁၀ ခုအနက် တစ်ခုသာ လောင်းကစားဆန်သော လုပ်ကိုင်မှုများ ရှိနိုင်ကြောင်း၊ ခေတ်မီကစားကွင်း၊ အပန်းဖြေ ကစားကွင်းများတွင် မသမာသောနည်းဖြင့် လောင်းကစားဆန်သော ဆော့ကစားမှု များသည် ရဲအရေးပိုင် ဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဖော်ထုတ် အရေးယူသင့်ကြောင်း မြို့တော် စည်ပင်စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

“ဖမ်းချင်ရင် လမ်းဘေးဖဲဝိုင်းတောင် ဖမ်းသေးတာပဲ။ တကယ်ဖမ်းချင်ရင် မလွတ်ဘူး” ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ အစိုးရဝန်ထမ်း တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ အပန်းဖြေ ကစားကွင်း၊ ကလေးကစားကွင်း များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လိုင်စင်ထုတ်ပေးထားခြင်းကြောင့် ဆိုင်တွင်း ဝင်ရောက် စစ်ဆေးရန်မှာ အခက်အခဲများ ရှိကြောင်း၊ လိုင်စင်ထုတ် ပေးသော ဌာနအနေနှင့် စည်ကမ်းချက်နှင့် အညီ ဆောင်ရွက်ခြင်းရှိမရှိကို ရှောင်တခင် စစ်ဆေးပြီး စည်ကမ်းဖောက်ဖျက်ပါက ရဲတပ်ဖွဲ့ကို အမှုဖွင့် တိုင်ကြားသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ လကုန်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် တရားမဝင် အကြွေစေ့ လောင်းကစားမှု ၁၈မှု၊ အကြွေစေ့ ဂိမ်းစက် ၂၁၆လုံး ၊ ဖမ်းမိသူ ၁၆၉ ဦးကို ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရှိရသည်။

ရဲတပ်ဖွဲ့ဝင်များမှာ လုံခြုံရေးတာဝန်၊ ဒုစရိုက်နှိမ်နင်းရေး တာဝန်များကို ထမ်းဆောင်နေရ သောကြောင့် အကြောင်းစုံ မသိရှိနိုင်ဘဲ ကစားကွင်းအမည်ခံ လောင်းကစားပြုလုပ်နေမှု များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများ၊ ကလေး မိဘများက သတင်းပေး တိုင်ကြားပါက ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

“လောင်းကစားပုံစံ လုပ်ရဲတယ် ဆိုတော့ သူ့မှာ ပိုင်တဲ့သူတွေ ရှိလိမ့်မယ်။ လိုင်စင်နဲ့ဆိုတော့ ဖမ်းဖို့က မလွယ်ဘူး” ဟု ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ကလေးကစားကွင်းများမှာ တရားဝင် ခွင့်ပြုလိုင်စင် ရထားသောကြောင့် ဆိုင်အတွင်း လောင်းကစားပြုလုပ်ခြင်း၊ အပျော်ကစားခြင်းကို လူထုက တိုင်ကြားနိုင်မှသာ ရဲတပ်ဖွဲ့ဝင်များက သိရှိရကြောင်း၊ ကလေးငယ်များ၏ အုပ်ထိန်းသူ မိဘများက သတင်းပေး တိုင်ကြားကြပြီး ကလေးငယ် များက အိမ်ရှိပိုက်ဆံများကို မိဘမသိအောင် ခိုးယူပြီး ဆော့ကစားခြင်း များလည်း ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
“ဂိမ်း (အကြွေစေ့) ဆိုင်မှာ ဝင်ကစားသူ အများစုက ရှုံးတာများတယ်။ ပိုက်ဆံ မလောက်လို့ ဆက်ကစားချင်သေးတယ် ဆိုရင် တန်ဖိုးရှိတဲ့ ပစ္စည်းပါခဲ့ရင် ဆိုင်ရှင်ဆီမှာ အပေါင်တင်ပြီး ကစားလို့ရတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ဆို ရှုံးတာကို ဆက်ကစားရင်း ဆိုင်ကယ်နဲ့ ဟန်းဖုန်းပါ အိမ်ပြန် ပါမလာတော့ဘူး” ဟု ပုဇွန်တောင်မြို့နယ် ညောင်တန်းအိမ်ရာတွင် နေထိုင်သူ ကိုချိုကြီးက ပြောကြားသည်။

ဂိမ်းစက်များမှာ တရုတ်နိုင်ငံမှ အများဆုံး တင်သွင်းပြီး ယခင်ဝယ်ယူစဉ် ကတည်းက စက်များကို ပြင်ဆင်ထားသဖြင့် ဆိုင်ရှင်က အနိုင် ၅၀ ရာခိုင်နှုန်း ယူဆောင်ထားပြီး ရန်ကုန်သို့ ရောက်ရှိချိန်တွင် စက်များကို ထပ်မံ ပြင်ဆင်သောကြောင့် နိုင်ခြေရာခိုင်နှုန်း နည်းကြောင်း တောင်ငူတွင် အကြွေစေ့လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၏ ဆွေမျိုးတော်စပ်သူ တစ်ဦးက ရှင်းပြသည်။

ဂိမ်းစင်တာများတွင် အကြွေစေ့များ ကို ပြန်မလဲပေးဟု ဆိုသော်လည်း နောက်ကွယ်တွင် ပြန်လဲပေးနေမှုများ ရှိသည်ကို ကြားသိရပြီး ယင်းကဲ့သို့ ပြုလုပ်နေမှုများကို ပြည်သူလူထုက သိရှိပါက သတင်းပေး တိုင်ကြားသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။
“အကြွေစေ့နဲ့ ဂိမ်းဆော့ရုံလောက်နဲ့တော့ လောင်းကစားမှု မမြောက်ပါဘူး။ အကြွေစေ့ကို ငွေနဲ့ပြန်လဲပေးတယ် ဆိုရင် လောင်းကစားမှု မြောက်တယ်။ ဒါတွေကို ရဲတွေက ဖော်ထုတ်ရမယ်” ဟု ၄င်းက ဆိုသည်။

လောင်းကစားဟု ဆိုရာတွင် ၁၉၈၆ ခုနှစ် လောင်းကစား အက်ဥပဒေအရ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဖဲ၊ အံစာ၊ မာကျောက်၊ တုံကင်၊ ဒင်္ဂါး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားခွက်၊ ဇယား၊ ကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ် စာရင်းများ၊ လောင်ကစားရန် ပြုလုပ်ထားသော အသုံးပြုနိုင်သော အရာများ လောင်ကစားရာတွင် အသုံးပြုသော တိရိစ္ဆာန်၊ ယာဉ်တို့ ပါဝင်ကြောင်း အဆိုပါ ဥပဒေတွင် ဖော်ပြထားသည်။

လောင်းကစား ပြုလုပ်သူကို လောင်းကစားပုဒ်မ ၁၃/က အရ ထောင်ဒဏ် ခြောက်လမှ တစ်နှစ်ထိ ချမှတ်နိုင်ပြီး ငွေဒဏ်တစ်ထောင်ပါ ထပ်လောင်း ချမှတ်နိုင်ကြောင်း၊ လောင်းကစားဒိုင်ကို လောင်းကစားပုဒ်မ ၁၄/က အရ ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်ထိ ချမှတ်နိုင်ပြီး ဒဏ်ငွေ တစ်ထောင်မှ ငါးထောင်ထိ ထပ်လောင်း ချမှတ်နိုင် ကြောင်း ၄င်းက ရှင်းပြသည်။

အပန်းဖြေ ကစားကွင်း (Amusement Centre) များတွင် အကြွေစေ့ ကစားနည်းများကို လောင်းကစားသဖွယ် ပြုလုပ်နေခြင်း များကို အများပြည်သူက အမှုဖွင့် တိုင်ကြားမှသာ အရေးယူခြင်းထက် ရဲတပ်ဖွဲ့ဝင်၊ စည်ပင်ဝန်ထမ်း၊ အုပ်ချုပ်ရေး အဖွဲ့က သိရှိပါက ရှောင်တခင် စစ်ဆေးခြင်း များကို ထိထိရောက်ရောက် ဖမ်းဆီးဆောင်ရွက် အရေးယူသင့်ကြောင်း သင်္ဃန်းကျွန်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
“ပြည့်တန်ဆာ ဖမ်းတာတောင် အသွင်ယူပြီး ဖမ်းသေးတာပဲ။ ဒီနေရာတွေမှာ အသွင်ယူဖမ်းဖို့ ဘာလို့ ခက်နေတာလဲ။ ဖမ်းမယ်ဆိုရင် ဖြစ်ပါတယ်” ဟု သင်္ဃန်းကျွန်း မြို့နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးကျော်က ပြောကြားသည်။

ခေတ်မီ ကလေးကစားကွင်း၊ အပန်းဖြေ ခေတ်မီ ကစားကွင်းများကို စစ်ဆေးသူများ အနေနှင့် ကစားကွင်းများတွင် ထည့်သွင်းထားသော ကစားသည့် ပစ္စည်းများကို တတ်ကျွမ်းနားလည်သူ ပါဝင်ရန် လိုအပ်ပြီး၊ လောင်ကစားအသွင်ဖြင့် ဆောင်ရွက်နိုင်သော ဂိမ်းစက်ပစ္စည်းများ ပါဝင်ပါက ပြင်းပြင်းထန်ထန် ဒဏ်ရိုက်ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်သင့်သည်။

“လောင်းကစားလုပ်တယ်လို့ ကြားတာ သိတာဆိုရင် ရဲက အရေးယူသင့်တယ်။ တရားဝင် လုပ်ခွင့်ပေးလို့ ဆိုတာ ကစားကွင်း လုပ်ငန်းလုပ်ခွင့် လိုင်စင်ပဲပေးတာ။ လောင်းကစား လုပ်ဖို့ပေးတာ မဟုတ်ပါဘူး။ လိုင်စင်ပဲ ထုတ်ပေးတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် ရဲလို ဝင်ရှာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့က စုံစမ်းရှာဖွေ ဖမ်းဆီးသင့်တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာန တာဝန်ရှိသူတစ်ဦးက ထောက်ပြ ပြောကြားသည်။

လောင်းကစား ပပျောက်ရန် လုပ်ဆောင် နေမှုများ ရှိသော်လည်း အပန်းဖြေကစားကွင်း အချို့တွင် လောင်းကစားဆန်သော ကစားနည်းများ ဆောင်ရွက်မှုသည် တရားဝင် လောင်းကစားလုပ်ခွင့် ပြုထားသည်ဟု အများပြည်သူ ထင်မြင်စေသောကြောင့် ထိရောက်စွာ အရေးယူသင့်ကြောင်း ပန်းဘဲတန်းမြို့နယ် အမှတ် (၁၀)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

လောင်းကစားဆန်သော အပန်းဖြေ ကစားကွင်းများကို ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ခြင်းမရှိပါက၊ အခြားသော ကလေးကစားကွင်း များကို ထိခိုက်နစ်နာ စေသောကြောင့် ထိရောက်စွာ အရေးယူသင့်ကြောင်း (Y.C.D.C) စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါကာစီနို အကြွေစေ့ လောင်းကစား လုပ်ငန်းများ တရားဝင် ဖွင့်လှစ်ခွင့်ပေးကာ အစိုးရမှ အခွန်ကောက်ခံခြင်း၊ လာရောက် ကစားသူများထံမှ အခွန် စည်းကြပ်ပါက အစိုးရအနေနှင့် အခွန်ရရှိနိုင်မည် ဖြစ်သည်။ သို့သော် တရားဝင်ဖွင့်ခွင့် ပေးရန် အစီအစဉ် မရှိပါက ဥပဒေအရ ကြပ်ကြပ်မတ်မတ် အရေးယူရန် လိုအပ်မည်ဖြစ်သည်။

လက်ရှိကာလသည် တိုင်းပြည်မှာ ဖွံ့ဖြိုးဆဲကာလ ဖြစ်သောကြောင့် ပြည်သူများကို ဆင်းရဲတွင်းနက်စေသော ကာစီနို လောင်းကစား လုပ်ငန်းများကို ခွင့်ပြုရန် မသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း အကြွေစေ့ကစားနည်း ရှိသော ကစားကွင်းအချို့၊ ဂိမ်းစင်တာ အချို့တွင် လောင်းကစားသဖွယ် ပြုလုပ်နေသည်ကို တိုင်စာများ ရရှိသောကြောင့် မြို့နယ်တိုင်းတွင် ရှာဖွေစုံစမ်းကာ အချို့ဆိုင်များကို လောင်းကစား ပြုလုပ်နေကြောင်း လက်ရဖမ်းဆီးခြင်း မရှိသော် လည်း ဆိုင်ဖွင့်ခွင့် လိုင်စင်များ ပြန်လည် ရုပ်သိမ်းထားကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များမှလည်း ဆိုင်အတွင်း လောင်းကစား ပြုလုပ်နေသည်ဟု သတင်းရရှိသော ဆိုင်များကို ဖမ်းဆီးနိုင်ရေး အတွက် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း ၄င်းကဆိုသည်။
ကလေးအမည်တပ် လူကြီး အကြွေစေ့ လောင်းကစားဝိုင်းများကား တွင်ကျယ်ဆဲ။

Wednesday, September 25, 2013

လိင်အင်္ဂါသေးလို့ စိတ်အားငယ်နေသူ ယောင်္ကျားလေးများဖတ်ရန်(+18)

လိင်အင်္ဂါသေးလို့ စိတ်အားငယ်နေသူ ယောင်္ကျားလေးများဖတ်ရန်(+18)



မေး၊    ကျွန်နော့် အသက်က ၂၄ နစ် ရှိပါပြီ။ မိန်းကလေးနဲ့ ၂-၃ ကြိမ် ဆက်ဆံဖူးပါတယ်။ မိန်းကလေးကပြောတယ် ကျွန်နော့်ရဲ့ ကျားအင်္ဂါဟာ သူတွေ့ဖူးသမျှ လူတွေထဲမှာ အသေးဆုံးတဲ့ သေးတာက သာမန်လူတွေထက် ပိုသေးနေတာတဲ့။ မိန်းကလေး တစ်ယောက် နောက်တစ်ကြိမ် ဆက်ဆံဖို့ ဆွဲဆောင်နိုင်မှု အားနည်းမယ်တဲ့။ မိန်းမရရင်တောင် နင့်မိန်းမက အရင် တစ်ယောက်ယောက်နဲ့ ဆက်ဆံဖူးတာဖြစ်ဖြစ် အခွေကြည့်ဖူးတာဖြစ်ဖြစ် နင့်ဟာကိုသိသွားပြီး စွဲလမ်းမှုနည်းမယ်တဲ့။ ပြဿာနာ ရှိနိုင်တယ်တဲ့။ အဲ့ဒီတော့ လိင်တံကြီးမဲ့ ရှည်မဲ့ နည်းလမ်း (သို့မဟုတ်) ဆေးညွှန်းလေးတွေရှိရင် ပြောပြပေး စေချင်ပါတယ်။ အားငယ်စရာဖြစ်နေလို့ပါ။ ပုံမှန် လိင်အဂါ်မထခင်မှာဆို ပိုသိသာတယ်။ သေးပြီး တိုနေတယ်။ စိတ်ကြွ နေရင်တော့ နည်းနည်းလေး ပိုကြီးလာတယ်။ ဒါကလည်း သာမန် ယောက်ျားလေးတွေ ဟာတွေထက်တော့ သေးနေလွန်းလို့ပါ။ လက်ရှိနေတာက ပြည်ပမှာဖြစ်ပါတယ်။

 
ဖြေ။    • Penis enlargement ကျားအင်္ဂါ ကြီးစေခြင်း ကို ဖတ်ပြီးပြီလား။ ဖတ်ပါ၊ လုပ်လို့ရတာ လုပ်ပါ။ အတုအပတွေ၊ မသေခြာတဲ့နည်းတွေ အားမကိုးပါနဲ့၊ လက်တည့်မစမ်းပါနဲ့။
• အဲဒါထဲမှာ မပါသေးတာ ရေးပါအုံးမယ်။ ပဌမအချက် စိတ်အား မငယ်ပါနဲ့။ ကြိုးစားနေရင်း ကြီးလာမယ်လို့ စွံမြဲယုံကြည်ထားပါ။ သစ်ပင်-ပန်းပင်တွေကိုတောင် စိတ်နဲ့ ဖူးစေ-ပွင့်စေ လုပ်လို့ရတယ်။
• ဆက်ဆံရာမှာ အရွယ်အစား မကြီးသေးဘူးဆိုရင် တခြားနည်းနာနဲ့ ပိုအဆင်ပြေမှာ လုပ်ရမယ်။
• ငွေနဲ့ ဆက်ဆံရတဲ့ မိန်းမတွေဟာ တခြားမိန်းကလေးတွေနဲ့ မတူပါ။ အပျော်မိန်းမတွေကို ထားလိုက်ပါ။ တခြားမိန်းကလေးနဲ့ ဆိုင်တာဘဲ ရေးပါမယ်။
• ကိုယ့်မှာ မရွယ်အစား သေးတယ်ဘဲ ထားပါ၊ တခြားအရာမှာ သူများထက် သာအောင်လုပ်ဘို့ ကြိုးစားနိုင်ပါတယ်။ သိတဲ့အတိုင်း မျက်စိမမြင်သူဟာ နားအကြား ပိုနိုင်တယ်။
• ဘာတွေ သာစေရမလဲ။ အများကြီးပါ။ အဖေါ်မိန်းကလေးကို သာယာ-ကျေနပ်စေမှာ ရွေးတတ်ရမယ်။
• သူဘာကြိုက်သလဲ သိအောင် ကြိုးစားပါ။
• ဇနီး-ချစ်သူ မပေါ်မှာ လိင်ဆက်ဆံတာ တခုထဲကိုသာ မစဉ်းစားပါနဲ့။ ကာမဆက်ဆံတယ်ဆိုတာ ချစ်ခြင်းရဲ့ အဆုံးစွန် တနေရာကို သယ်ပို့တာ ဖြစ်တယ်။ ပိုချစ်တတ်အောင်လုပ်ဘို့ လိုပါမယ်။
• လိင်ဆက်ဆံတာကို ပြောရအောင်။ မဆက်ဆံမီ၊ ဆက်ဆံဆဲ နဲ့ အပြီး သုံးပိုင်းရှိတယ်။ သုံးပိုင်းလုံးမှာ အကောင်းဆုံး ဖြစ်ပါစေ။
• Foreplay အကောင်းဆုံးလုပ်ပါ။ သူကြိုက်မှာ ရွေးတတ်ပါစေ။ မတူကြပါ။ အချိန်ပေးပါ။
• အင်္ဂါအရွယ်အစားဟာ ဒုတိယပိုင်းမှာသာ နေရာရှိပါတယ်။
• တကယ့်အဆင့် -
o (အိုရယ်လ်) နည်းလဲသုံးပါ။ တချို့မိန်းကလေးကို ဒီနည်းတခုထဲနဲ့ (အော်ဂဇင်) ရအောင်လုပ်နိုင်တယ်။ တခါတလေဖြစ်ဖြစ် ရစေပေါ့။ (အိုရယ်လ်) ကလဲ အပြန်-အလှန်ပေါ့။
o (အေနယ်လ်) နည်းလဲ သဘောဘဲ။ သူက မကြီးရင်လဲ ဖြစ်တယ်။
o မိန်းကလေးတွေကို ထိမိစတဲ့နေရာဆိုတာ ရေးထားသလို နေရာတွေကို အသုံးပြုပါလေ။
o ကိုယ်ကပေးနိုင်တဲ့ အချိန် ပိုနိုင်အောင် ကြိုးစားပါ။ ကြာကြာ ဆက်ဆံနိုင်ပါစေ။
o (ပိုဇေရှင်) အပြောင်းအလဲ၊ အရှိန် အပြောင်းအလဲ၊ နေရာထိုင်ခင်း အပြောင်းအလဲ။
o သူလိုခြင်တဲ့ အရာရှာပါ။ ဖြည့်ဆီးပါ။
o သူ (အော်ဂဇင်) ရအောင် ကြိုးစားပါ။ စောစောပိုင် မရသေးလဲ လုံးဝ စိတ်ပျက်ပါနဲ့။
• လိုအပ်လာရင် Virgra ဆေး သုံးပါ။
• ကိုယ်က အဆင်သင့် မရှိရင် သူစိတ်မလာစေအောင် ကြံဆောင်ပါ။
• တခါပြီး နောက်တခါ ဆက်ဆံနိုင်ပါစေ။
• တချို့မိန်းမတွေ နာတာ မကြိုက်ပါ။ အရွယ်အစားကြောင့် နာစေတတ်တယ်။
• ဖူးဇာပါရင် ငယ်ရွယ်သူကို ယူပါ။
• တခါမှ မဆက်ဆံဘူးသူကို ရွေးနိုင်ရင် ရွေးပါ။
• စိတ်အား မငယ်ပါနဲ့။ ကြိုးစားနေရင်း ကြီးလာမယ်လို့ စွံမြဲယုံကြည်ထားပါ။ သစ်ပင်-ပန်းပင်တွေကိုတောင် စိတ်နဲ့ ဖူးစေ-ပွင့်စေ လုပ်လို့ ရတယ်။
• ထပ်ရေးပါရစေ။ စိတ်အား တင်းပါလေ။ ကိုယ်လိုလူတွေ တလှေကြီးပါ။ Small is beauty!

ဖခင်ကောင်းဟုတ်မဟုတ် ကပ်ပယ်အိတ်အရွယ်အစားက သက်ဆိုင်နေဟုဆို

ဖခင်ကောင်းဟုတ်မဟုတ် ကပ်ပယ်အိတ်အရွယ်အစားက သက်ဆိုင်နေဟုဆို


ဖခင်ကောင်းပီသမှုနှင့် ကပ်ပယ်အိတ် အရွယ်အစား ဆက်စပ်နေဟုဆို
အများအားဖြင့် ကပ်ပယ်အိတ် အရွယ်အစား သေးငယ်သော ဖခင်များသည် ကလေးအနှီးလဲခြင်း၊ အစာခွံ့ခြင်း၊ ရေချိုးပေးခြင်း စသည်တို့တွင် ပိုမို၍ စိတ်ပါလက်ပါ လုပ်ဆောင်တတ်ကြောင်း အီမိုရီ တက္ကသိုလ်မှ သုတေသီများက ထောက်ခံပြောဆိုခဲ့သည်။
ဖခင်ကောင်း တစ်ဦးအနေဖြင့် တာဝန်ယူမှုသည် အမျိုးသားများ၏ ကပ်ပယ်အိတ် အရွယ်အစားနှင့် ဆက်စပ်မှု ရှိနေကြောင်း သုတေသီများက ပြောကြားလိုက်သည်။ အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များက ကပ်ပယ်အိတ် အရွယ်အစား သေးငယ်သော အမျိုးသားများသည် ဖခင်ဘဝအတွက် ပိုမိုစူးစိုက်နှစ်မြှုပ်လေ့ ရှိတတ်ကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။ အများအားဖြင့် ကပ်ပယ်အိတ် အရွယ်အစား သေးငယ်သော ဖခင်များသည် ကလေးအနှီးလဲခြင်း၊ အစာခွံ့ခြင်း၊ ရေချိုးပေးခြင်း စသည်တို့တွင် ပိုမို၍ စိတ်ပါလက်ပါ လုပ်ဆောင်တတ်ကြောင်း အီမိုရီ တက္ကသိုလ်မှ သုတေသီများက ထောက်ခံပြောဆိုခဲ့သည်။ အတ္တလန္တာရှိ အဆိုပါ တက္ကသိုလ်မှ ပညာရှင်များသည် အသက်(၁)နှစ်မှ (၂)နှစ်အရွယ် ကလေးငယ်များ အသီးသီး ရှိနေသည့် ဖခင် အယောက်(၇၀)ကို သုတေသနပြု လေ့လာပြီး ယခုတွေ့ရှိချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

တိရစ္ဆာန်များ၏ သဘာဝနှင့် ယခုကောက်ချက်သည် ဆက်စပ်မှု ရှိနေပြီး ကပ်ပယ်အိတ် ကြီးမားသော အမျိုးသားများသည် သာမန်အားဖြင့် လိင်ပိုင်းဆိုင်ရာ အဖော်အဖက် ကိစ္စတွင် ပိုမိုအားသန်ပြီး ကပ်ပယ်အိတ် သေးငယ်သူ အမျိုးသားများက ကလေးများအတွက် ပိုမို နှစ်မြှုပ် အာရုံစိုက်လေ့ရှိကြောင်း သိရသည်။ အီမိုရီ တက္ကသိုလ်မှ ပညာရှင်များသည် အမျိုးသား (၇၀)တို့၏ ဦးနှောက်လှိုင်းများကို Scanဖတ်ထားပြီးနောက် ၎င်းတို့၏ ကလေးငယ်များ ဓာတ်ပုံကို ပြသခြင်းဖြင့် တုံ့ပြန် လှုပ်ရှားမှု အပြောင်းအလဲကို လေ့လာခဲ့ကြသည်။ ထိုအခါ ကပ်ပယ်အိတ် အရွယ်အစား သေးငယ်သော ဖခင်များ၏ ဦးနှောက်က သိသိသာသာ ပိုမိုတုံ့ပြန်နိုးကြားကြသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။

သုတေသီများက အချို့သော ကပ်ပယ်အိတ် သေးငယ်သော အမျိုးသားများသည် အပိုဆောင်း ဆုလာဘ်အဖြစ် ဦးနှောက်၏ ကြင်နာသနားမှုကို ဖွင့်ဆိုသော ဧရိယာတွင် ပိုမို၍ ကြီးမားသော သက်ရောက်မှုမျိုး ဖြစ်ပေါ်တတ်ကြောင်း ရှင်းပြခဲ့သည်။ ပညာရှင်များသည် ဦးနှောက် တုံ့ပြန်မှု ရလဒ်များကို မှတ်သားပြီးနောက် အဆိုပါ အမျိုးသားများ၏ ဇနီးသည်များကိုပါ တွေ့ဆုံမေးမြန်းကာ ကလေးများအပေါ် မည်သည့် အတိုင်းအတာထိ အာရုံစိုက်ကြောင်း ခြေရာခံခဲ့သည်။ ထို့နောက်တွင်မူ တွေ့ရှိချက် အရပ်ရပ်ကို စုပေါင်းကာ ယေဘုယျအားဖြင့် ကပ်ပယ်အိတ် သေးငယ်သော အမျိုးသားများက ဖခင်ပိုမို ပီသတတ်ကြောင်း အဖြေထုတ်ခဲ့ခြင်း ဖြစ်သည်။

ဦးဆောင် သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ ဂျိမ်းစ်ရီလင်က "တစ်ခါတစ်လေ တချို့အမျိုးသားတွေဟာ သာမန်ထက်ကို သားသမီးတွေအပေါ် ဂရုစိုက် ကြင်နာနေတတ်တာ ရှိပါတယ်။ ဒီအခြေအနေမှာ သူနဲ့ယှဉ်ပြီး တခြားအမျိုးသားတွေကို အပြစ်တင်ဖို့ မဖြစ်နိုင်ပါဘူး။ ဦးနှောက် တုံ့ပြန်မှုအရကိုက သာမန်အမျိုးသားတွေထက် ဖခင်ပီသမှု ပိုသိသာထင်ရှားတဲ့ အမျိုးသားတွေ ရှိနေတာကို ကျွန်တော်တို့ လက်ခံဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက "ကပ်ပယ်အိတ် သေးငယ်တဲ့အခါ အဖိုဟော်မုန်း ပိုနည်းသွားတတ်ပြီး ဒီအခြေအနေက ဖခင်ပီသမှုကို ပိုတွန်းအားပေး ဖြည့်ဆည်းပေးတယ်လို့ ဆိုရမှာပါ"ဟုလည်း ရှင်းပြခဲ့သည်။

အီမိုရီ တက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့သည့် ဖခင်ပီသမှု၊ မပီသမှု သတ်မှတ်ချက် အရေးပါသော အခြားညွှန်ကိန်း တစ်ရပ်မှာ အစဉ်အလာ အသိုက်အဝန်း ယဉ်ကျေးမှု ဖြစ်နိုင်ကြောင်းလည်း သိရသည်။ အချို့သော လူ့အဖွဲ့အစည်းများတွင် ဖခင်ပီသသော စိတ်အခံ ရှိသည့်တိုင် ယင်းကို ထုတ်မပြရန် ကြီးမားသော ကန့်သတ်ချက်များ ထားရှိခြင်းမျိုး တွေ့ရတတ်ကြောင်း ဒေါက်တာ ရီလင်က မှတ်ချက်ပြုသွားခဲ့သည်။ 

အမျိုးသမီးများလိင်စိတ်ပြင်းထန်စွာနိုးကြွလာစေတဲ့ Sex coffee နဲ့ Lady coffe

အမျိုးသမီးများလိင်စိတ်ပြင်းထန်စွာနိုးကြွလာစေတဲ့ Sex coffee နဲ့ Lady coffe

 
Sex Coffee (XS-X0020-D) ဒါကိုတော့ ကြောညာသူတွေက Superior Brazilian coffee ဘရာဇီးကော်ဖီ အပြင်းစားလို့ နာမည်ပေးထားပါတယ်။ Fast thawing tea powder အပြော့စားလက်ဖက်ရည်လို့လဲ စာထဲမှာ ရေးထားပါတယ်။

အထဲမှာပါတာတွေကတော့ (၁) သကြားအဖြူမှုံ နဲ့ (၂) အမျိုးသမီးများစိတ်ကို တွန်းအားပြောင်းစေနိုင်တဲ့ ဓါတ်လည်း ပါတယ်လို့ ဆိုပါတယ်။

ဒါကိုသောက်လိုက်တဲ့ မိန်းကလေး၊ အမျိုးသမီးဟာ ဖြေးဖြေးချင်း ဒါတွေဖြစ်လာမယ်။
• Polypnoea အသက်ရှူမြန်လာမယ်၊
• Vagina itches မိန်မကိုယ်ယားယံလာမယ်၊
• Breast inflates ရင်သားထွားလာမယ်၊
• Cloudy water jet stream အင်္ဂါစိုစွပ်လာမယ်၊
• Sexual intercourse anxiously with the opposite sex ဆန့်ကျင်ဘက် လိင်ရှိသူနဲ့ အတူနေချင် စိတ်တွေ ပြင်းပြလာမယ်။
• Spends together with own sexual partner သူ့အဖေါ်နဲ့ အတူတူ အကြာကြီး ချစ်စခန်းဖွင့် နေလိမ့်မယ်။

သတိပေးချက်လည်းရေးထားပါတယ်။ 
၁။ ဒါဟာ အကြင်လင်မယားတွေသာ သုံးရမှာဖြစ်တယ်။ ဒီလိုသာမသုံးရင် ဥပဒေနဲ့ မညီတာတွေဖြစ် လာစေနိုင် တယ်။
၂။ အမျိုးသမီး (ကြီး) တွေမှာ ဗဂျိုင်းနား ခြောက်နေတာနဲ့ လိင်စိတ် ရှိသင့်တာထက် နည်းနေတာဆိုရင် သုံးနိုင်တယ်။ ဥပမာ သွေးဆုံးချိန်၊ ကလေးမီဖွါးပြီး စိတ်အခြေနေပြောင်းချိန်မျိုးဖြစ်တယ်။

ဘယ်လောက်သောက်ရမလဲ။ တထုပ်ကို ရေနွေးပူပူ ၁ဝဝ စီစီ (မယ်လ်) မှာဖျော်ပါ။ တထုပ်ထက်ပို မသုံးပါနဲ့။ ကပ်ဘူးတခုမှာ 15000mg စီပါတဲ့ 5 ထုပ် 8 ခုပါတယ်။ ထုပ်လုပ်ပြီးနောက် ၃ နှစ်အတွင်း သုံးနိုင်တယ်။

Lady Coffee လေဒီကော်ဖီ

အရသာထူးကဲပြီး အကြာကြီးစွဲစေတယ်။ စိတ်ဖြေနားနေနိုင်တယ်လို့ ရေးထားပါတယ်။ အမေရိကား ကလာတဲ့ ကော်ဖီထဲမှာ တရုပ်ကလာတဲ့ ရိုးရာဆေးရောထားပါသတဲ့။ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ အာဟာရဓါတ်တွေပါတယ်လို့ ကြော်ညာပါတယ်။ မ-ဟော်မုန်း (အီစထိုဂျင်) ပါတယ်လို့လဲဖတ်ရပါတယ်။ ဒီဟော်မုန်းဟာ အမျိုးသမီးတွေမှာ အရွယ်ရလာရင် နည်းလာတယ်။ သွေးဆုံးရင် သိသိသာတယ်။ အကောင်း လဲဖြစ်စေပြီး အဆိုးလည်း ဖြစ်စေနိုင်တာ သတိပြုပါ။

သက်ရောက်မှု
1. Lead to enhance sexual desire လိင်စိတ်ပိုစေမည်၊
2. Increse the pleasure and excitement သာယာမှု၊ စိတ်တက်ကြွမှုကဲစေမည်၊
3. The ability to extend the high tide အထွတ်အထိပ်ကာလ ကြာစေမည်၊
4. To increase capacity စွမ်းဆောင်န်ိုစွမ်းတိုးစေမည်။

တထုပ်ကို ရေနွေးနဲ့သောက်ရင် နောက် ၁၅-၃ဝ မိန်မှာ အစွမ်းပြမယ်။

ဘေးထွက်-ဆိုးကျိုး = ခေါင်းမူးဝေမယ်၊ အိပ်ချင်မယ်။ ဖြေးဖြေးချင်းသောက်တာ ကောင်းတယ်။ ကားမောင် နေတုံး မသောက်ပါနဲ့။ ကိုယ်ဝန်ဆောင်နေရင် မသောက်ပါနဲ့။ အသက်ရှူလမ်းရောဂါ၊ နှလုံးရောဂါရှိရင် မသောက်ပါနဲ့။

အခုရေးတာတွေဟာ ဆေးကြော်ညာထဲမှာ ပါတာတွေသာ ဖြစ်ပါတယ်။ (ကျွန်တော်တို့လို) ဆရာဝန်တွေက အာမမခံပါခင်ဗျား။ ဒီလိုမျိုး ဆေးဆိုတာတွေရှိပါသေးတယ်။ ထပ်ရေးနေရင် ကြောညာထင်နေမှာမို့ မရေး တော့။ မိန်းကလေးများအားလုံး အညာ၊ အညစ် မခံကြရအောင် စားသောက်စရာမှန်သမျှ ပူတာ၊ အေးတာ ဘာမှစိတ်မချရတာကို သိကြပါ။

• SPANISCHE FLIEGE D6, SPANISC FLIEGE D9
• Insect Powder
• Flower yilly medicine for woman
• Ant King - sex medicine for woman
• Gold flysex medicine for woman စတာတွေက ဆေးမှုံ့၊ ဆေးတောင့်၊ ဆေးအဆီတွေဆိုပြီး လာတယ်။ အရောင်မပါ၊ အနံ့အထွက်ဘူး။ တချို့က အရေပြားကို သုတ်လိမ်းပေးတာနဲ့ ကိုယ်ထဲဝင် စေတယ်။ ဒီလိုဆေးအားလုံးဟာ မတော်မတရားပြုဘို့အတွက်သာ သုံးကြတယ်။ ဒါကြောင့် အေးအေးပူပူ သူများကတိုက်တဲ့ အစား၊ အသောက်တွေကို လက်မခံသင့်ဘူး။၊ လူချင်းထိပြီး ပွတ်သပ်ပေးတာကအစ ရှောင်ရှားနိုင်ဘို့ လိုပါလိမ့်မယ်။ သင်္ကြန်ကာလတခုတည်းလည်း မဟုတ်ပါ။ အန္တရာယ်ဆိုတာ ကာလမရွေး၊ နေရာမရွေးပါခင်ဗျား။

မိန်းမ အင်္ဂါဇာတ်အကြောင်း သင်မသိသေးတဲ့ အချက် ၅

မိန်းမ အင်္ဂါဇာတ်အကြောင်း သင်မသိသေးတဲ့ အချက် ၅ ချက်(ကျန်းမာရေးအမြင်နဲ့ဖတ်ပါ +18)

(၁) မိန်းမကိုယ်မှာ ကိုယ်ပိုင် ဂေဟစနစ်ရှိပြီး ပြင်ပနဲ့ လိုက်လျောညီထွေရှိတဲ့ pH လည်း ရှိပါတယ်။ ကျန်းမာတဲ့ pH ကအက်စစ်အနေအထားမို်း ဖြစ်ပြီး ပုံမှန်အားဖြင့် ၃ ဒသမ ၅နဲ့ ၄ ဒသမ ၅ကြားမှာ ရှိပါတယ်။ မိန်းမကိုယ်ရဲ့ pH ကအပြောင်းအလဲဖြစ်သွားရင် ဆိုးကို်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဥပမာပြောရရင်သွေး၊ သုက်၊ ချောဆီအများစု၊ မိန်းမကိုယ်တွင်းထည့်တဲ့ ဖျန်းဆေး၊ ဘက်တီးရီးယားမှိုစွဲတာနဲ့ သုက်ပိုးသေဆေးတွေကိုသုံးရင် မိန်းမကိုယ်ရဲ့ pH ကို အက်စစ်မျှခြေကနေ လျော့သွားစေပါတယ်။ ဒီလိုဖြစ်သွားရင် မိန်းမကိုယ် ယားယံတာ၊ပူစပ်ပူလောင်ဖြစ်တာနဲ့ ပုံမှန်မဟုတ်တဲ့အရည်တွေ ဆင်းတာတို့ ဖြစ်တတ်ပါတယ်။ မှို Yeast နဲ့ ကန်ဒီဒါ မှိုပိုးတွေဟာ မိန်းမကိုယ် pH ကို အက်စစ်ပမာဏပိုဖြစ်စေပါတယ်။

(၂ ) မိန်းမကိုယ်ရဲ့ ဂေဟစနစ်ဟာ အူတွေလိုပဲ ကောင်းတဲ့ ဘက်တီးရီးယားတွေအပေါ်မှာ အကြီးအကျယ် မူတည်နေပါတယ်။ကောင်းတဲ့ ဘက်တီးရီးယား လက်တိုဘက်ဆဲလ်လပ်စ်ဟာ မိန်းမကိုယ်မှာ ပိုးဝင်မှု မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့အရာပါ။ ဒါကြောင့် လက်တိုဘက်ဆဲလပ်စ်ပါတဲ့ ဒိန်ချဉ်ကို စားတာ၊ ဖြည့်စွက်ဆေးမှီဝဲတာတို့ကို ပြုလုပ်ပေးပါ။တကယ်လို့ ပဋိဇီဝပိုးသတ်ဆေးကိုသတ်မှတ်ကာလပြည့်မီအောင် သောက်သုံးနေရသူဖြစ်ရင် အူလမ်းကြောင်းနဲ့ မိန်းမကိုယ်ရှိ ကောင်းတဲ့ ဘက်တီးရီးယားအပါအဝင် ဘက်တီးရီးယားအားလုံးကို သေစေနိုင်တာကြောင့် ကူးစက်ပိုးဝင်မှုဖြစ်လွယ်ပါတယ်။ ဒီအချိန်မှာ ဒိန်ချဉ်လိုအကို်းပြုဘက်တီးရီးယားပါတဲ့ အစာကိုစားသောက်ပေးပါ။

(၃)မိန်းမကိုယ်က အလွန်သန်မာတဲ့ကြွက်သားတွေနဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတစ်ဦးကို မွေးနိုင်စွမ်း ရှိတာပါ။ ကလေးမွေးတာ၊ ဟော်မုန်းကျဆင်းတာ၊ အသက်ကြီးတာနဲ့ တခို့်သော ကျန်းမာရေးအခြေအနေတွေကြောင့်မိန်းမကိုယ်ကြွက်သားကို လျော့ရဲစေနိုင်ပါတယ်။ Kegel လေ့ကျင့်ခန်း၊ကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းနဲ့ တင်ပဆုံကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေ အားလုံးဟာ မိန်းမကိုယ် ကြွက်သားတွေကို သန်စွမ်းစေတဲ့အတွက် အိမ်ထောင်ရေးကို အဆင်ပြေစေသလို ဆီးမထိန်းနိုင်တဲ့ ဝေဒနာကိုလည်း အဖြစ်နည်းစေပါတယ်။

(၄)မိန်းမကိုယ် ကူးစက်ပိုးဝင်ချိန်မှာ ပုံမှန်မဟုတ်တဲ့ အချွဲတွေဖြစ်ပေါ်လာပြီး ပုံမှန်အချွဲတွေနဲ့ ရောထွေးသွားနိုင်ပါတယ်။ မမို်းဥကြွေခါနီးအချိန်မှာ မိန်းမကိုယ်အချွဲတွေ ထူလာပါတယ်။ တစ်ခါတစ်ရံ ပိုးဝင်တဲ့အခါ ပုံမှန်မဟုတ်တဲ့ အချွဲမြှေးတွေ ဖြစ်လာတတ်တာကြောင့် အဲဒီအခါမှာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၅) ပင်ကိုမိန်းမကိုယ်အနေအထားကပုံမှန်ပါပဲ။ ဆိုလိုတာက မိန်းမကိုယ်ဆိုတာ ပုံစံအမို်းမို်း၊ အရွယ်အစားအမို်းမို်းရှိတတ်တဲ့အတွက် ပုံမှန်မဟုတ်ဘူး၊ ခွဲစိတ်ပြုပြင်ဖို့ လိုအပ်တယ်ဆိုပြီး အမို်းသမီးတခို့်က စိတ်ပူနေတတ်ပါတယ်။တကယ်တော့ မိန်းမအင်္ဂါဇာတ်နှုတ်ခမ်းက ရှည်လွန်းတာ၊ တိုလွန်းတာ၊ ပုံသဏ္ဌာန်မမှန်တာတွေ ဖြစ်နေတယ်လို့ မရှိပါဘူး။ပုံမှန်ပဲ ဖြစ်တာကြောင့် စိတ်ပူစရာ မလိုပါဘူး။

ရင်သားကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သားကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)


အလှကုန်ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။
အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။

အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။

"အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်" ဟု ကြည့်မြင်တိုင် ညဈေးတွင် အလှကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ထားသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့မှ ရင်သားလှပစေသော ပစ္စည်းများ အများဆုံးဝင် ရောက်နေသည်ကို တွေ့ရပြီး ဈေးနှုန်းများမှာ ထုတ်လုပ်သည့် နိုင်ငံပေါ် မူတည်၍ ကွဲပြားမှု ရှိသည် ကို တွေ့ရသည်။
ရင်သားလှပအောင် သုံးစွဲသော ဆေးများမှာ လိမ်းဆေးများ အပြင် ဆပ်ပြာ၊ ဖျန်းဆေး စသည်များလည်း ရှိပြီး ဈေးနှုန်းများမှာ အနိမ့်ဆုံးကျပ် ၁၀၀၀ ဝန်းကျင်မှ သောင်းကျော်အထိ ရှိသည်ကို တွေ့မြင် ရသည်။

"ဆိုင်မှာတော့ ထိုင်းက ပစ္စည်းတွေပဲ တင်တယ်။ တခြားတရုတ်တို့ ဘာတို့လည်း အများကြီး ရှိသေးတယ်။ ဈေးနှုန်းတွေကတော့ ထိုင်းက ၄၀၀၀၊ ၄၅၀၀ ဝန်းကျင်လောက်၊ တရုတ်ပစ္စည်း ကျတော့ ၂၀၀၀ ကျော်လောက်ပဲ ရှိတယ်" ဟု အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ ရင်သားလူးဆေးများကို ဝယ်ယူ အသုံးပြုကြသူ အမျိုးသမီး အများစုမှာ ဆယ်ကျော်သက် အရွယ်မှ စ၍ အသက် ၃၀ ဝန်းကျင် အမျိုးသမီးများ ဝယ်ယူကြကြောင်း အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ အများစုက ပြောဆိုသည်။

"အစ်မ ရင်သားလူးဆေးတွေ လူးခဲ့ဖူးတယ်။ အစ်မသူငယ်ချင်း တစ်ယောက် လက်ဆောင်ပေး လို့ပါ။ ဆေးအညွှန်းမှာ ပါတဲ့အတိုင်း လူးဖြစ်တယ်။ စလူးပြီးတစ်လလောက်မှာ တော်တော် သိသိသာသာ တင်းလာတယ်။ အစ်မလူးတာ ကတော့ side effect မရှိပါဘူး။ တစ်ဘူးပဲ လူးဖြစ်တာပါ။ ဆက်မလူး ဖြစ်တော့ အရင်အတိုင်း ပြန်ဖြစ်တာပါပဲ။ ဒီဆေး တွေက လူးမယ်ဆိုရင် ဆက်ပြီး လူးနေမှ အဆင်ပြေ မယ်ထင်တယ်" ဟု ရင်သားလူးဆေး သုံးစွဲခဲ့သူ အသက် ၃၀ ကျော်အရွယ် မနေရီ (အမည်လွှဲ) က ဆိုသည်။

အဆိုပါ လူးဆေးများကို ဆယ်ကျော်သက် အရွယ် အမျိုးသမီးငယ် အချို့ သုံးစွဲကြခြင်းမှာ အများစုသည် ကိုယ်ခန္ဓာဟော်မုန်းများ သေချာ မဖွံ့ဖြိုးသေးချိန်တွင် ၎င်းတို့၏ ရင်သား သေးငယ်နေသည်ဟု ထင်ကာ သုံးစွဲကြခြင်းဖြစ်သည်။

ထိုကဲ့သို့ ရင်းသား လှပရန် လူးဆေးများ၊ ဆီလီကွန် ထည့်သွင်း၍ ခွဲစိတ်ခြင်းများ ပြုလုပ်ကြ ခြင်းမှာ ရှိရင်းစွဲထက် ပိုမို၍ လှပလိုခြင်းနှင့် အခြား သော အကြောင်းအရင်းများစွာ ရှိသည်ကို တွေ့မြင် ရသည်။
ယင်းအပြင် အချို့သုံးစွဲသူများမှာ ၎င်းတို့ လုပ်ကိုင်လျက် ရှိသော အလုပ်အကိုင် အပေါ် မူတည် ၍ လိုအပ်ချက်အရ သုံးစွဲရခြင်းလည်းရှိသည်။

"လာဝယ်တဲ့သူတွေ ထဲမှာ တချို့ကတော့ တကယ်ကို အမျိုးသမီးတစ်ယောက် ရှိသင့်တဲ့ ရင်သား မရှိလို့ သုံးတဲ့သူတွေ ရှိသလို တချို့ကျတော့လည်း သူတို့ရဲ့ အလုပ်လိုအပ်ချက်ကြောင့် သုံးကြတဲ့သူတွေ ရှိတယ်။ လာဝယ်တဲ့ ကောင်မလေးတွေထဲမှာ KTV တို့၊ Sex Worker လုပ်တဲ့ ကောင်မလေးတွေလည်း ပါတယ်။ သူတို့ကျတော့ အလုပ်ကြောင့် ဝယ်သုံးကြ တာပေါ့"ဟု အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦး ကဆိုသည်။
အဆိုပါ လူးဆေးများကို မြန်မာနိုင်ငံ၌ အမျိုးသမီးများ စတင် အသုံးပြုခဲ့ကြသည်မှာ ၁၀ စုနှစ်ကျော် ကြာမြင့်ခဲ့ပြီဟုလည်း သုံးစွဲသူများနှင့် ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

" လူးဆေးတွေကတော့ အန်တီတို့ငယ်ငယ် ၉၄ ခုနှစ်လောက်ကတည်းက ရှိတာပဲ။ အန်တီ့ အသိ တစ်ယောက် နိုင်ငံခြားသွားတုန်း က ဝယ်ခဲ့ပြီး လူးတာ သိရတယ်။ သူလူးတုန်းကတော့ ဆေးတွေ က ထိရောက်တယ်၊ Side Effect မရှိဘူးလို့တော့ ပြောတာပဲ။ နှစ်တွေကြာလာ မှ ဘေးထွက်ဆိုးကျိုး ပေါ်တာကတော့ ဖြစ်နိုင်ပါတယ်" ဟု အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်လေးတင့်က ဆိုသည်။

ယနေ့ခေတ်တွင် ရင်သားကြီးထွား တင်းရင်းရန် လူးသော ဆေးများ အပြင် ရင်သားအတွင်း ဆီလီကွန် ထည့်သွင်း၍ ခွဲစိတ်ပြုပြင်ခြင်းများ ပိုမို လုပ်ဆောင်လာကြသည်ကိုလည်း တွေ့မြင်ရသည်။

အဆိုပါ ရင်သား ခွဲစိပ်ပြုပြင်မှုကို မြန်မာ နိုင်ငံတွင် တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း ယာယီလိုင်စင်များ ထုတ်ပေးနေပြီး ယခုအခါ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ခွဲစိတ်ပြုပြင် မှုများ ပြုလုပ်ပေးလျက် ရှိသည်။

ရင်သားတွင်းသို့ ဆီလီကွန်များ ထည့်သွင်း၍ ရင်သား အလှပြုပြင်ရာတွင် အနိမ့်ဆုံး ကုန်ကျစရိတ် သိန်း ၄၀ ကျော် ကုန်ကျသည့် အတွက် မြန်မာနိုင်ငံ ၏ လက်ရှိဝင်ငွေ အနေအထားအရ သာမန်လူလတ် တန်းစား အမျိုးသမီးများ လုပ်ဆောင်ကြရန် မလွယ် ကူဘဲ ငွေကြေး တတ်နိုင်သူများသာ ပိုမို လုပ်ဆောင် ကြသည်။

ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးထု၏ ၂၀ ရာခိုင်နှုန်းသည် ရင်သားအလှကို ပြုပြင်လိုကြပြီး အနောက်နိုင်ငံများတွင် ပိုမို၍ ပြုပြင် ခွဲစိတ်လိုကြ ကာ အမေရိကန်ပြည်ထောင်စုတွင် အမျိုးသမီးထု ၏ ထက်ဝက်ခန့်သည် ရင်သားပြုပြင်လိုကြသည် ဟု စစ်တမ်းများအရ သိရသည်။

ရင်သားအတွင်း ဆီလီကွန် ထည့်သွင်းခြင်း သည် ပိုမိုမြန်ဆန်သော သက်ရောက်မှု ရှိသော်လည်း ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုးများ ရှိသည် ကို "ရင်သားခွဲစိတ်ပြီဆိုကတည်းက ပထမဆုံး ခွဲရတဲ့ Side Effect ကြုံရတာပါပဲ။ ပြီးရင် တခြား ဘာတွေဖြစ်နိုင်သလဲဆိုရင် ဆီလီကွန် အမျိုးအစား ပေါ်မူတည်ပါတယ်။ ကိုယ် ထည့်တဲ့ ဆီလီကွန် မကောင်းရင် Pressure နိမ့်တဲ့ နေရာတွေ သွားလို့ မရဘူး။ ဖြစ်ခဲ ပေမယ့် လေယာဉ်တွေ ပေ ၂၀ç၀၀၀ ကျော်လောက် ရောက်ရင် မတော်တဆ ပေါက်ထွက် သွားနိုင်တယ်။ ပြီးတော့ Computer,TV တွေ အကြည့်များရင် လည်း Megnetic Wave ထွက်တဲ့အတွက် ခွဲစိတ် ထားတာ ကျုံ့သွားနိုင်တယ်။ ဒါပေမဲ့ ခုတော့ LED တွေ သုံးလာကြပြီဆိုတော့ သိပ်တော့မဆိုး တော့ဘူး။
အဲတော့ ဆီလီကွန် ထည့်တယ်ဆိုတာ လည်း နှစ်အပိုင်းအခြား ရှိပါတယ်" ဟု ဒေါက်တာ သီဟသစ်ကဆိုသည်။

ရင်သား အလှအပအတွက် လိမ်းဆေးများစွာ ထဲတွင် နိုင်ငံစုံမှ ထုတ်လုပ်သော လူးဆေးများ အပြင် ဘေးထွက်ဆိုးကျိုး မရှိဟု ဆိုကာ ဆေးကုမ္ပဏီ များက ထုတ်လုပ်ထားသော လူးဆေးများလည်း ဈေးကွက်အတွင်း ရောင်းချလျက် ရှိသည်။

အမျိုးသမီးများသည် ရင်သား တင်းရင်း လှပအောင် ပြုပြင်ကြ ရာတွင် ဘေးထွက်ဆိုးကျိုး များစွာ ရှိနိုင်ကြောင်း၊ လိမ်းဆေးလူးဆေးများကို သုံးစွဲရာတွင် အဆိုပါဆေးများသည် မည်မျှပင် သဘာဝကို အခြေခံထုတ်လုပ်သည်ဆိုသော်လည်း ဆေးနှင့်ပတ်သက်သည့် အာမခံချက်မရှိကြောင်း ဒေါက်တာသီဟသစ်က ဆိုသည်။

"ရင်သားလူးဆေးတွေ လူးတယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။ အစ်မလူးဖြစ်တာကတော့ ကလေးမွေးပြီးတော့ ပုံပျက်သွားလို့ လူးဖြစ်တာ။ ဒါပေမဲ့ ခဏပဲ လူးဖြစ်တယ်။ နောက်ပိုင်းဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိမယ် မသိလို့။ ဆေးတွေ က ထိရောက်မှု ရှိလား ဆိုတော့ ပြောတော့ သိပ် မပြောတတ်ဘူး ခဏပဲ လူးဖြစ်တာဆိုတော့" ဟု ရင်သားလူးဆေးများ လူးဖြစ်ခဲ့သူ မိခင်တစ်ဦး ဖြစ်သူ မသန္တာ (အမည်လွှဲ) ကဆိုသည်။
ထို့ပြင် ရင်သားတင်းရင်း လှပစေရန် အာမခံ ဖြင့် လိမ်းဆေးများ၊ စက်များကို အသုံးပြု၍ ပြုပြင် ပေးနေသော အလှပြင်ဆိုင်များလည်း ရှိသည်။

အဆိုပါ လိမ်းဆေးများ၊ စက်များကို အသုံး ပြု၍ ရင်သားတင်းရင်းအောင် ပြုလုပ်ခြင်းသည် အချိန်အားဖြင့် နှစ်ပတ်ခန့်သာ ကြာမြင့်ပြီး ကျပ် သုံးသိန်း ဝန်းကျင်ခန့် ကုန်ကျကြောင်း ဆိုင်ဖွင့်လှစ် ထားသူ တစ်ဦးက ဆိုသည်။

"အစ်မတို့ ဆိုင်မှာက ရင်သားကို တင်းရင်း အောင်လုပ်ပေးတာပါ။ ရင်သားကြီးအောင်လုပ်တာ မဟုတ်ဘဲ ရင်သားသေးချင်တဲ့ အမျိုးသမီးတွေကို လုပ်ပေးတာပါ။ USA ဆေးကိုသုံးပြီးလုပ်ပေး တာပါ" ဟု ၎င်းက ထပ်မံပြောဆိုသည်။

"လေ့လာ မိသလောက် ရင်သားလူးဆေး တွေက ရင်သားမှာရှိတဲ့ အဆီ တစ်သျှူးတွေကို လှုံ့ဆော်တဲ့ သေ****။ အဲဒီတော့ အဆီတွေ ကို လှုံ့ဆော်တဲ့ အတွက် ပုံမှန် မဟုတ်တဲ့ အကျိတ်တွေ ဖြစ်နိုင် တယ်။ ပြီးတော့ ဒီဆေးတွေက ဘယ်သူမှ ဓာတုပစ္စည်းတွေ မပါ ဘူးလို့ အာမမခံနိုင်ဘူး။ ဒီဆေး တွေသုံးလို့ ဘာမှမဖြစ်နိုင်ဘူးလို့ သုံးဖူးတဲ့သူက ပြောလို့ ကိုယ်ကသုံးတဲ့အခါ တစ်ရာမှာ ၉၉ ယောက်က ဘာမှမဖြစ်ဘဲ ကိုယ့်ကျမှဖြစ်တာမျိုး ရှိနိုင်တယ်" ဟု ဒေါက်တာသီဟသစ်က ထပ်မံ ပြောဆိုသည်။

အမျိုးသမီးများသည် ရင်သားလူးဆေးများ သုံးခြင်း၊ ခွဲစိတ်ပြုပြင်ခြင်းများထက် လေ့ကျင့်ခန်း လုပ်၍ ရင်သားဖွံ့ဖြိုးအောင် လုပ်ဆောင် နိုင်ကြောင်း၊ လေ့ကျင့်ခန်းလုပ်ရန် အချိန်မရပါက မိမိတို့၏နေထိုင် စားသောက်ပုံကိုပြောင်း၍ ပြုပြင်နိုင်ကြောင်း ၎င်းက ထပ်မံ အကြံပြုပြောဆိုသည်။

ထို့ပြင် ရင်သားပြုပြင်ထားသူများ သာမက သဘာဝအတိုင်း ထားရှိသူများပါ အခါအားလျော် စွာ မိမိတို့၏ရင်သားကို အကျိတ်ရှိ မရှိ စမ်းသပ် ကြည့်ရှုစေလိုကြောင်း၊ သို့မှသာ ရောဂါတစ်ခုခု ဖြစ်ပေါ်လာပါက အချိန်မီ စမ်းသပ် ကုသနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ သီဟသစ်က ရှင်းပြသည်။

အလှအပကို လူသားတိုင်း မြတ်နိုးတတ်သော် လည်း သာမန်ထက်ပို၍ လှလိုခြင်း၊ သဘာဝတရား ကို ကျော်လွန်၍ ပြုပြင်ခြင်းများ သည် ရေရှည်တွင် ဘေးထွက်ဆိုးကျိုး အချို့ ဖြစ်ပေါ်နိုင်သောကြောင့် သတိနှင့်ယှဉ်၍ ပြုမူ လုပ်ဆောင်ခြင်းသည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။

ဆွေငြိမ်းအေး၊ သီရိ

Tuesday, September 24, 2013

Celebrities TennisGirl