အမျိုးသမီးများလိင်စိတ်ပြင်းထန်စွာနိုးကြွလာစေတဲ့ Sex coffee နဲ့ Lady coffe

Sex Coffee (XS-X0020-D) ဒါကိုတော့ ကြောညာသူတွေက Superior Brazilian coffee
ဘရာဇီးကော်ဖီ အပြင်းစားလို့ နာမည်ပေးထားပါတယ်။ Fast thawing tea powder
အပြော့စားလက်ဖက်ရည်လို့လဲ စာထဲမှာ ရေးထားပါတယ်။
အထဲမှာပါတာတွေကတော့ (၁) သကြားအဖြူမှုံ နဲ့ (၂) အမျိုးသမီးများစိတ်ကို တွန်းအားပြောင်းစေနိုင်တဲ့ ဓါတ်လည်း ပါတယ်လို့ ဆိုပါတယ်။
ဒါကိုသောက်လိုက်တဲ့ မိန်းကလေး၊ အမျိုးသမီးဟာ ဖြေးဖြေးချင်း ဒါတွေဖြစ်လာမယ်။
• Polypnoea အသက်ရှူမြန်လာမယ်၊
• Vagina itches မိန်မကိုယ်ယားယံလာမယ်၊
• Breast inflates ရင်သားထွားလာမယ်၊
• Cloudy water jet stream အင်္ဂါစိုစွပ်လာမယ်၊
• Sexual intercourse anxiously with the opposite sex ဆန့်ကျင်ဘက် လိင်ရှိသူနဲ့ အတူနေချင် စိတ်တွေ ပြင်းပြလာမယ်။
• Spends together with own sexual partner သူ့အဖေါ်နဲ့ အတူတူ အကြာကြီး ချစ်စခန်းဖွင့် နေလိမ့်မယ်။
သတိပေးချက်လည်းရေးထားပါတယ်။
၁။ ဒါဟာ အကြင်လင်မယားတွေသာ သုံးရမှာဖြစ်တယ်။ ဒီလိုသာမသုံးရင် ဥပဒေနဲ့ မညီတာတွေဖြစ် လာစေနိုင် တယ်။
၂။ အမျိုးသမီး (ကြီး) တွေမှာ ဗဂျိုင်းနား ခြောက်နေတာနဲ့ လိင်စိတ်
ရှိသင့်တာထက် နည်းနေတာဆိုရင် သုံးနိုင်တယ်။ ဥပမာ သွေးဆုံးချိန်၊
ကလေးမီဖွါးပြီး စိတ်အခြေနေပြောင်းချိန်မျိုးဖြစ်တယ်။
ဘယ်လောက်သောက်ရမလဲ။ တထုပ်ကို ရေနွေးပူပူ ၁ဝဝ စီစီ (မယ်လ်) မှာဖျော်ပါ။
တထုပ်ထက်ပို မသုံးပါနဲ့။ ကပ်ဘူးတခုမှာ 15000mg စီပါတဲ့ 5 ထုပ် 8 ခုပါတယ်။
ထုပ်လုပ်ပြီးနောက် ၃ နှစ်အတွင်း သုံးနိုင်တယ်။
Lady Coffee လေဒီကော်ဖီ

အရသာထူးကဲပြီး အကြာကြီးစွဲစေတယ်။ စိတ်ဖြေနားနေနိုင်တယ်လို့ ရေးထားပါတယ်။
အမေရိကား ကလာတဲ့ ကော်ဖီထဲမှာ တရုပ်ကလာတဲ့ ရိုးရာဆေးရောထားပါသတဲ့။
ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ အာဟာရဓါတ်တွေပါတယ်လို့ ကြော်ညာပါတယ်။ မ-ဟော်မုန်း
(အီစထိုဂျင်) ပါတယ်လို့လဲဖတ်ရပါတယ်။ ဒီဟော်မုန်းဟာ အမျိုးသမီးတွေမှာ
အရွယ်ရလာရင် နည်းလာတယ်။ သွေးဆုံးရင် သိသိသာတယ်။ အကောင်း လဲဖြစ်စေပြီး
အဆိုးလည်း ဖြစ်စေနိုင်တာ သတိပြုပါ။
သက်ရောက်မှု
1. Lead to enhance sexual desire လိင်စိတ်ပိုစေမည်၊
2. Increse the pleasure and excitement သာယာမှု၊ စိတ်တက်ကြွမှုကဲစေမည်၊
3. The ability to extend the high tide အထွတ်အထိပ်ကာလ ကြာစေမည်၊
4. To increase capacity စွမ်းဆောင်န်ိုစွမ်းတိုးစေမည်။
တထုပ်ကို ရေနွေးနဲ့သောက်ရင် နောက် ၁၅-၃ဝ မိန်မှာ အစွမ်းပြမယ်။
ဘေးထွက်-ဆိုးကျိုး = ခေါင်းမူးဝေမယ်၊ အိပ်ချင်မယ်။ ဖြေးဖြေးချင်းသောက်တာ
ကောင်းတယ်။ ကားမောင် နေတုံး မသောက်ပါနဲ့။ ကိုယ်ဝန်ဆောင်နေရင် မသောက်ပါနဲ့။
အသက်ရှူလမ်းရောဂါ၊ နှလုံးရောဂါရှိရင် မသောက်ပါနဲ့။
အခုရေးတာတွေဟာ ဆေးကြော်ညာထဲမှာ ပါတာတွေသာ ဖြစ်ပါတယ်။ (ကျွန်တော်တို့လို)
ဆရာဝန်တွေက အာမမခံပါခင်ဗျား။ ဒီလိုမျိုး ဆေးဆိုတာတွေရှိပါသေးတယ်။
ထပ်ရေးနေရင် ကြောညာထင်နေမှာမို့ မရေး တော့။ မိန်းကလေးများအားလုံး အညာ၊ အညစ်
မခံကြရအောင် စားသောက်စရာမှန်သမျှ ပူတာ၊ အေးတာ ဘာမှစိတ်မချရတာကို သိကြပါ။
• SPANISCHE FLIEGE D6, SPANISC FLIEGE D9
• Insect Powder
• Flower yilly medicine for woman
• Ant King - sex medicine for woman
• Gold flysex medicine for woman စတာတွေက ဆေးမှုံ့၊ ဆေးတောင့်၊
ဆေးအဆီတွေဆိုပြီး လာတယ်။ အရောင်မပါ၊ အနံ့အထွက်ဘူး။ တချို့က အရေပြားကို
သုတ်လိမ်းပေးတာနဲ့ ကိုယ်ထဲဝင် စေတယ်။ ဒီလိုဆေးအားလုံးဟာ
မတော်မတရားပြုဘို့အတွက်သာ သုံးကြတယ်။ ဒါကြောင့် အေးအေးပူပူ သူများကတိုက်တဲ့
အစား၊ အသောက်တွေကို လက်မခံသင့်ဘူး။၊ လူချင်းထိပြီး ပွတ်သပ်ပေးတာကအစ
ရှောင်ရှားနိုင်ဘို့ လိုပါလိမ့်မယ်။ သင်္ကြန်ကာလတခုတည်းလည်း မဟုတ်ပါ။
အန္တရာယ်ဆိုတာ ကာလမရွေး၊ နေရာမရွေးပါခင်ဗျား။
No comments:
Post a Comment