လိင်အင်္ဂါသေးလို့ စိတ်အားငယ်နေသူ ယောင်္ကျားလေးများဖတ်ရန်(+18)
မေး၊ ကျွန်နော့် အသက်က ၂၄ နစ် ရှိပါပြီ။ မိန်းကလေးနဲ့ ၂-၃ ကြိမ် ဆက်ဆံဖူးပါတယ်။ မိန်းကလေးကပြောတယ် ကျွန်နော့်ရဲ့ ကျားအင်္ဂါဟာ သူတွေ့ဖူးသမျှ လူတွေထဲမှာ အသေးဆုံးတဲ့ သေးတာက သာမန်လူတွေထက် ပိုသေးနေတာတဲ့။ မိန်းကလေး တစ်ယောက် နောက်တစ်ကြိမ် ဆက်ဆံဖို့ ဆွဲဆောင်နိုင်မှု အားနည်းမယ်တဲ့။ မိန်းမရရင်တောင် နင့်မိန်းမက အရင် တစ်ယောက်ယောက်နဲ့ ဆက်ဆံဖူးတာဖြစ်ဖြစ် အခွေကြည့်ဖူးတာဖြစ်ဖြစ် နင့်ဟာကိုသိသွားပြီး စွဲလမ်းမှုနည်းမယ်တဲ့။ ပြဿာနာ ရှိနိုင်တယ်တဲ့။ အဲ့ဒီတော့ လိင်တံကြီးမဲ့ ရှည်မဲ့ နည်းလမ်း (သို့မဟုတ်) ဆေးညွှန်းလေးတွေရှိရင် ပြောပြပေး စေချင်ပါတယ်။ အားငယ်စရာဖြစ်နေလို့ပါ။ ပုံမှန် လိင်အဂါ်မထခင်မှာဆို ပိုသိသာတယ်။ သေးပြီး တိုနေတယ်။ စိတ်ကြွ နေရင်တော့ နည်းနည်းလေး ပိုကြီးလာတယ်။ ဒါကလည်း သာမန် ယောက်ျားလေးတွေ ဟာတွေထက်တော့ သေးနေလွန်းလို့ပါ။ လက်ရှိနေတာက ပြည်ပမှာဖြစ်ပါတယ်။
ဖြေ။ • Penis enlargement ကျားအင်္ဂါ ကြီးစေခြင်း ကို ဖတ်ပြီးပြီလား။ ဖတ်ပါ၊ လုပ်လို့ရတာ လုပ်ပါ။ အတုအပတွေ၊ မသေခြာတဲ့နည်းတွေ အားမကိုးပါနဲ့၊ လက်တည့်မစမ်းပါနဲ့။
• အဲဒါထဲမှာ မပါသေးတာ ရေးပါအုံးမယ်။ ပဌမအချက် စိတ်အား မငယ်ပါနဲ့။ ကြိုးစားနေရင်း ကြီးလာမယ်လို့ စွံမြဲယုံကြည်ထားပါ။ သစ်ပင်-ပန်းပင်တွေကိုတောင် စိတ်နဲ့ ဖူးစေ-ပွင့်စေ လုပ်လို့ရတယ်။
• ဆက်ဆံရာမှာ အရွယ်အစား မကြီးသေးဘူးဆိုရင် တခြားနည်းနာနဲ့ ပိုအဆင်ပြေမှာ လုပ်ရမယ်။
• ငွေနဲ့ ဆက်ဆံရတဲ့ မိန်းမတွေဟာ တခြားမိန်းကလေးတွေနဲ့ မတူပါ။ အပျော်မိန်းမတွေကို ထားလိုက်ပါ။ တခြားမိန်းကလေးနဲ့ ဆိုင်တာဘဲ ရေးပါမယ်။
• ကိုယ့်မှာ မရွယ်အစား သေးတယ်ဘဲ ထားပါ၊ တခြားအရာမှာ သူများထက် သာအောင်လုပ်ဘို့ ကြိုးစားနိုင်ပါတယ်။ သိတဲ့အတိုင်း မျက်စိမမြင်သူဟာ နားအကြား ပိုနိုင်တယ်။
• ဘာတွေ သာစေရမလဲ။ အများကြီးပါ။ အဖေါ်မိန်းကလေးကို သာယာ-ကျေနပ်စေမှာ ရွေးတတ်ရမယ်။
• သူဘာကြိုက်သလဲ သိအောင် ကြိုးစားပါ။
• ဇနီး-ချစ်သူ မပေါ်မှာ လိင်ဆက်ဆံတာ တခုထဲကိုသာ မစဉ်းစားပါနဲ့။ ကာမဆက်ဆံတယ်ဆိုတာ ချစ်ခြင်းရဲ့ အဆုံးစွန် တနေရာကို သယ်ပို့တာ ဖြစ်တယ်။ ပိုချစ်တတ်အောင်လုပ်ဘို့ လိုပါမယ်။
• လိင်ဆက်ဆံတာကို ပြောရအောင်။ မဆက်ဆံမီ၊ ဆက်ဆံဆဲ နဲ့ အပြီး သုံးပိုင်းရှိတယ်။ သုံးပိုင်းလုံးမှာ အကောင်းဆုံး ဖြစ်ပါစေ။
• Foreplay အကောင်းဆုံးလုပ်ပါ။ သူကြိုက်မှာ ရွေးတတ်ပါစေ။ မတူကြပါ။ အချိန်ပေးပါ။
• အင်္ဂါအရွယ်အစားဟာ ဒုတိယပိုင်းမှာသာ နေရာရှိပါတယ်။
• တကယ့်အဆင့် -
o (အိုရယ်လ်) နည်းလဲသုံးပါ။ တချို့မိန်းကလေးကို ဒီနည်းတခုထဲနဲ့ (အော်ဂဇင်) ရအောင်လုပ်နိုင်တယ်။ တခါတလေဖြစ်ဖြစ် ရစေပေါ့။ (အိုရယ်လ်) ကလဲ အပြန်-အလှန်ပေါ့။
o (အေနယ်လ်) နည်းလဲ သဘောဘဲ။ သူက မကြီးရင်လဲ ဖြစ်တယ်။
o မိန်းကလေးတွေကို ထိမိစတဲ့နေရာဆိုတာ ရေးထားသလို နေရာတွေကို အသုံးပြုပါလေ။
o ကိုယ်ကပေးနိုင်တဲ့ အချိန် ပိုနိုင်အောင် ကြိုးစားပါ။ ကြာကြာ ဆက်ဆံနိုင်ပါစေ။
o (ပိုဇေရှင်) အပြောင်းအလဲ၊ အရှိန် အပြောင်းအလဲ၊ နေရာထိုင်ခင်း အပြောင်းအလဲ။
o သူလိုခြင်တဲ့ အရာရှာပါ။ ဖြည့်ဆီးပါ။
o သူ (အော်ဂဇင်) ရအောင် ကြိုးစားပါ။ စောစောပိုင် မရသေးလဲ လုံးဝ စိတ်ပျက်ပါနဲ့။
• လိုအပ်လာရင် Virgra ဆေး သုံးပါ။
• ကိုယ်က အဆင်သင့် မရှိရင် သူစိတ်မလာစေအောင် ကြံဆောင်ပါ။
• တခါပြီး နောက်တခါ ဆက်ဆံနိုင်ပါစေ။
• တချို့မိန်းမတွေ နာတာ မကြိုက်ပါ။ အရွယ်အစားကြောင့် နာစေတတ်တယ်။
• ဖူးဇာပါရင် ငယ်ရွယ်သူကို ယူပါ။
• တခါမှ မဆက်ဆံဘူးသူကို ရွေးနိုင်ရင် ရွေးပါ။
• စိတ်အား မငယ်ပါနဲ့။ ကြိုးစားနေရင်း ကြီးလာမယ်လို့ စွံမြဲယုံကြည်ထားပါ။ သစ်ပင်-ပန်းပင်တွေကိုတောင် စိတ်နဲ့ ဖူးစေ-ပွင့်စေ လုပ်လို့ ရတယ်။
• ထပ်ရေးပါရစေ။ စိတ်အား တင်းပါလေ။ ကိုယ်လိုလူတွေ တလှေကြီးပါ။ Small is beauty!



















Links to this post