ကားပြပွဲ တွေ မှာ အကုန်ချွတ်တဲ့ မော်ဒယ် တွေ ကို တရုတ် နှိပ် ကွပ်
တရုတ် ပြည်မှာ မော်တော် ကား ပြပွဲ တွေ ကျင်းပ တဲ့ အခါ မလုံ မခြံ ဝတ်ထား တဲ့ မော်ဒယ်(လ) တွေ ကို ဖမ်းဆီး အရေး ယူတာ တို့ မော်တော်ပြ ပွဲ ကျင်း ပတဲ့ ကုမ္ပဏီ ကို လည်း အရေးယူတာ တွေ လုပ် လာ ပြီ ဖြစ်တဲ့ အကြောင်း ဒီနေ့ထုတ် ဝေတဲ့ South China Morning Post သတင်း စာ မှာ ဖော်ပြထား ပါတယ်။
စက်တင်ဘာ လဆန်း က ချန်ဒူး မော်တော် ကား ပြ ပွဲ မှာ မစ်ယန်ယူ ဆိုတဲ့ မော်ဒယ်(လ) အပါအဝင် အခြား မော်ဒယ် လေးဦး ဟာ ဝတ်လစ် စလစ် နီး ပါး ဖက်ရှင် နဲ့ ပုရိသ တွေ အကြိုက် ဓာတ် ပုံ အရိုက်ခံ ခဲ့ တယ် လို့ ဆို ပါတယ်။ ဒီကား ပြပွဲ မှာ ဂျပန် လုပ် မော်တော် ကား တွေ နဲ့ တရုတ် ပြည် လုပ် မော်တော် ကား တွေ ပြသထား ပါတယ်။ အစိုးရ က နှိပ် ကွပ် ပေမယ့် လည်း မော်ဒယ်(လ) တွေ ရဲ့ အစွမ်း ကြောင့် ကား တွေ အရောင်း စွံ သဗျို့လို့ ချန်ဒူး အော်တို ပြပွဲ ကို စီစဉ် သူ တစ်ဦးက ဆိုပါတယ်။ Car News China အင်တာနက် စာမျက် နှာ မှာ တော့ ကား ပြ ပွဲ တွေ မှာ မော်ဒယ်(လ) တွေ ဝတ်လစ်စလစ် နီး ပါး အလှ ပြ ခိုင်း တာ မျိုး တွေ့ ရင် အရေး ယူအပြစ် ပေးမယ် လို့ ဖော်ပြ ထား ပါတယ်။ မြန်မာ နိုင်ငံ ရဲ့ အိမ် နီး ချင်း နိုင်ငံ ဖြစ်တဲ့ တရုတ် န်ိုင်ငံ မှာ ကား ပြ ပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာမမြင် အပ် တဲ့ နေ ရာ တွေ ကို ဖော်ပြ ပြီး လူကြိုက်များ အောင် လုပ်တာ ခွင့် မပြု တော့ ဘူး လို့ ဆို ပါတယ်။ မြန်မာ နိုင်ငံ မှာ တော့ မော်တော် ကား ပြ ပွဲ တွေ မော်ဒယ် ရှိုး တွေ မှာ ဝတ်လစ်စလစ် နီး ပါး မဖြစ် သေးတာ ကြောင့် သိသာ တဲ့ နှိပ် ကွပ် မှု တွေ မလုပ် သေးဘူး လို့ မော်ဒယ်(လ) ပြပွဲ စီစဉ် သူ တစ်ဦး က ပြောပါတယ်။ လတ်တလော ကျင်း ပနေ တဲ့ မော်တော်ကား ပြပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာ စကတ် တို ယဉ်ကျေးမှုခောတ်စား နေပေမယ့် အဖော် အချွတ် လုပ် ပြီး ပြတာ မျိုးတော့ မတွေ့ရ သေးဘူး လို့ ရန်ကုန် မြို့ က ဟိုတယ် မန်နေဂျာ တစ်ဦး က ပြောပါတယ်။
.. www.MyanmarExpress.net

No comments:
Post a Comment