Wednesday, August 28, 2013

ကြာသပတေးနေ့  လင်းအားကြီး ချိန် မှာ တိုမာဟောခ် ဒုံးကျဉ် ၁၀၀ ကျော် နဲ့ စတိုက် မယ်


ကြာသပတေးနေ့  လင်းအားကြီး ချိန် မှာ တိုမာဟောခ် ဒုံးကျဉ် ၁၀၀ ကျော် နဲ့ စတိုက် မယ်



ဆက်ဒမ် ဟူ စိန် ကို ဖယ်ရှား တဲ့ အီရတ် စစ် ပွဲ ရဲ့  ဗျုဟာ ပုံစံ မျိုး အတိုင်း ဆီးရီးယား ကို တိုက် ခိုက် မယ် လို့  အမေရိကန် ထိပ်တန်း စစ်တပ် အရာရှိ
တစ်ယောက် က AP သတင်း ဌာန ကို ပြောပါတယ်။ ကြာသပတေးနေ့ နံနက်
လင်း အားကြီး ချိန် မြန်မာ နိုင်ငံ မှာ တော့ ကြာသပတေး နေ့  ည ကိုးနာရီ လောက် မှာ ရေငုပ် သဘောင်္တွေ မှာ တပ် ဆင် ထား တဲ့ တိုမာဟောခ် ဒုံး ကျဉ် တွေ ကို ဦး ဆုံး ပစ်လွှတ် တိုက် ခိုက် မှာ ဖြစ် ပြီး
အဲဒီနောက် သဘောင်္တွေ က ပဲ့ ထိမ်း ဒုံးကျဉ်တွေ ပစ် လွှတ် ပြီး အာဆဒ် ရဲ့ 
လေကြောင်း မဟာဗျူဟာ တွေ ကို ရှင်းလင်း မှာ ဖြစ် ပါတယ်။

ဒီနောက် မှာ တော့ ဗြိတိသျှ တော်ဝင် လေတပ် ၊ လတ်တလော မာလီ မှာ
လေကြောင်း တိုက် ခိုက် မှု အတွေ့ အကြုံ ရှိ ခဲ့ တဲ့ ပြင်သစ် လေတပ် တို့  နဲ့  အတူ အမေရိကန် တိုက် လေ ယာဉ် တွေ က ဆီးရီးယား နိုင်ငံ ထဲ ကို ၀င် ရောက် တိုက် ခိုက် မှာ ဖြစ် ပါတယ်။

သုံးရက် ကြာ တိုက် ခိုက် မယ့် ဒီစစ်ပွဲ ဟာ ဆီးရီးယားက ပြိုင် ဘက် တွေ ကို နှိပ် ကွပ် ရာ မှ နိုင်ငံ တကာ က တား မြစ် ထား တဲ့ ဓာတု လက် နက် တွေ ကို အသုံး ပြု လို့  ဖြစ် ပါတယ်။

နှစ် နှစ် ကြာ ဆီးရီးယား အုံကြွမှု မှာ အာဆဒ် အစိုးရ က လူ တစ်သိန်း ကျော်
လောက် ကို သတ် ဖြတ် ခဲ့ ပါတယ်။

ပုံ မှာ တွေ့ ရ တာ က တော့ ဆိုက်ပရပ်(စ) ကို နောက် ဆုံးရောက် ရှိ လာတဲ့
လေယာဉ် တင် သဘောင်္ ကြီး ဖြစ်ပါတယ်။

နဝရတ် ဟိုတယ်ကို ကြွေးကျန် ဒေါ်လာ နှစ်သန်းကျော်

သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေးကျန် ဒေါ်လာ နှစ်သန်းကျော် ဆပ်ရန် အစိုးရ သတိပေး
Wednesday, August 28, 2013

နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သမီး ပိုင်ဆိုင်သော နဝရတ် ဟိုတယ်က ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသို့ ကြွေးကျန် အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရန် အစိုးရက တရားဝင် သတိပေးစာ ပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကြွေးကျန်ကိစ္စ ရှင်းလင်းရန် ဇူလိုင်လ အတွင်းက မှုလပိုင်ရှင်ထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် အဆိုပါ ဟိုတယ်ကို ခေတ္တ ပိတ်သိမ်းခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းဟိုတယ်၏ ယခင် ရှယ်ယာပိုင်ဆိုင်သူ တစ်ဦးဖြစ်သူ ဦးအေးဇော်ဝင်း က မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ ကုမ္ပဏီအသစ် ပြန်လည် လျှောက် ထားခဲ့ခြင်းကြောင့် သြဂုတ်လ ၁ ရက်နေ့တွင် ဖွင့်လှစ်ခွင့် ပြုခဲ့ပြီး ကြွေးကျန် များ ပေးရန် သတိပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းအစီရင်ခံစာအရ သိရှိရသည်။

အချို့သော ဟိုတယ်များမှာ ကြွေးကျန်များ ပေးချေပြီး ဖြစ်သော်လည်း အချို့မှာ ပေးချေနေဆဲ ဖြစ်ပြီး ကြွေးကျန်များ ပေးဆောင်ရန် ကျန်နေသေးသည့် ဟိုတယ်များ ရှိနေသေးကြောင်း ယင်းအစီရင်ခံစာကို ကိုးကား၍ ပြည်သူ့ ပူးပေါင်း ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ်လအထိ ဟိုတယ် ခုနစ်ခုက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသို့ ပေးဆောင်ရန် ကြွေးကျန် အမေရိကန် ဒေါ်လာ ၂၂ç၈၉၀ သန်း ကျန်ရှိနေသေးကြောင်း ယင်း အစီရင်ခံစာတွင် ဖော်ပြ ပါရှိသည်။

Windows ထဲက Setting တွေကို တစ်နေရာထဲမှာ ထိန်းချုပ်နိုင်

Windows ထဲက Setting တွေကို တစ်နေရာထဲမှာ ထိန်းချုပ်နိုင်တဲ့ AungKyaw Modeေိေိ


Windows အတွက် Aung Kyaw Mode Enable လုပ်နည်းကို မသိတဲ့လူတွေအတွက် 
တင်လိုက်ပါတယ်။ 
သူက ဘာလုပ်နိုင်လဲဆိုတော့ Window OS တစ်ခုလုံးမှာရှိတဲ့ ရှိသမျှ Setting တွေအားလုံးကို
Folder တစ်ခုထဲကနေ အကုန် access လုပ်နိုင်ပြီး
ဝင်ရောက်ပြင်ဆင်ဖို့ အလွန်လွယ်ကူစေရန် အသုံးပြုခြင်းပဲဖြစ်ပါတယ်။
Aung Kyaw Mode Folder တစ်ခုလုပ်မယ်ဆိုရင် Desktop ပေါ်မှာ 
Right Click > New Folder တစ်ခုဆောက်လိုက်ပါ။
ပြီးလျှင်း Folder ကို rename လုပ်ပြီး နံမည်ကို အောက်ကကုဒ် copy လုပ်ပီး
paste လုပ်လိုက်ပါ ။ ပြီးရင် Enter ခေါက်လိုက်ပါ။ Icon လေးပါပြောင်းသွားမှာဖြစ်ပါတယ်။ 
ကျွန်တော် NickName နေရာမှာကြိုက်တဲ့နံမည်နဲ့လဲရေးနိုင်ပါတယ် 
AungKyaw.Mode.{ED7BA470-8E54-465E-825C-99712043E01C}
-------------
REF: KglayKoPhyo
Admin of MMITgroup

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Facebook က ကျွန်တော့်ကို ဘယ်တော့မှ Phone နံပါတ် မတောင်းဘူး

Facebook က ကျွန်တော့်ကို ဘယ်တော့မှ Phone နံပါတ် မတောင်းဘူး

တကယ်ပါ ... ကိုယ့်အမည်ကို
ကိုယ်ဖော်တယ်ပဲထင်ထင်
ကြွားတယ်ပဲဆိုဆို ....

ကျွန်တော်က Facebook နဲ့
ပတ်သက်လာရင် သိပ်ကံကောင်း
တယ်လို့ ပြောရမယ်ထင်တယ် ..

ဘာကြောင့်လဲဆိုတော့
ကျွန်တော် Facebook အကောင့်ကို
ဘယ်အချိန်ပဲ အသစ်ဖွင့်ဖွင့်
ဖုန်းနံပါတ်အတောင်းခံရတယ်ဆိုတာ
လုံးဝမရှိခဲ့ပါဘူး ...

gmail အကောင့်ဖွင့်ရင်တောင် ငါးခုခြောက်ခုလောက်ဖွင့်မှ တစ်ခေါက်လောက်ပဲ ဖုန်းနံပါတ်နဲ့
Verification လုပ်ခိုင်းတာကို ကြုံရတာပါ ..


အဲဒီလို အကောင့်သစ်ဖွင့်တဲ့နည်းတွေကိုလည်း တစ်မျိုးပြီးတစ်မျိုး ရေးခဲ့ဖူးပါတယ် ..
ဗွီဒီယိုဖိုင်တွေတင်ပြီးတော့လည်း ရှင်းပြခဲ့ဖူးပါတယ် ... ဒါပေမယ့်
အချို့အနည်းငယ်အတွက်သာ အဆင်ပြေပေမယ့် ...
အဆင်မပြေတဲ့လူက ပိုများနေတာကို တွေ့ရပါတယ် ..
ကျွန်တော်လုပ်ပြတော့ အဆင်ပြေပြေနဲ့ ရသွားပြီး အခြားလူအချို့လုပ်တဲ့အခါကျတော့
ဖုန်းနံပါတ်တောင်းတာတို့ Security Code တောင်းတာတို့ စတဲ့ စိတ်ညစ်စရာအဆင့်တွေကို
ရောက်ရောက်သွားပြန်ပါတယ် ...

ဒါဟာဘာကြောင့်လဲဆိုတော့ .. ကျွန်တော့်ရဲ့ Browser မှာ History တွေ Cookies တွေ Track တွေ
သန့်ရှင်းနေလို့လို့ ကောက်ချက်ချရမှာဖြစ်ပါတယ် ..
တော်တော်များများက အင်တာနက်သုံးပြီဆိုရင် အဲဒီအသုံးပြုလိုက်တဲ့ Browser မှာ ကပ်ငြိကျန်ခဲ့တဲ့ History တွေ  Cookies တွေနဲ့ Track တွေကို သိပ်ဂရုမစိုက်ကြပါဘူး ..

ကျွန်တော်ကတော့ ကျွန်တော်သုံးနေတဲ့ Browser ရဲ့ သန့်ရှင်းရေးကို သိပ်ပြီး သတိထားပါတယ် ...
ကျွန်တော့်ရဲ့ Browser မှာ Ask.com လို Yahoo.com တို့ Tool Bar တွေ Search Engine တွေ
အပိုမရှိပါဘူး ...
အဲဒီလို Add on Tool bar တွေကိုတော့ Extension တို့ Add-ons တို့ကနေသွားပြီး remove တို့
Disable တို့လုပ်ပစ်နိုင်ပါတယ်
( အဲ .. Ask.com ဆိုတဲ့ Tool bar ကိုတော့ Uninstaller တစ်ခုခုသုံးပြီး Uninstall လုပ်မှ ဖျောက်နိုင်ပါမယ်)
နောက်ပြီး .. ဘယ်လောက်ပဲ အင်တာနက်သုံးသုံး ..
Browser ကို ပိတ်လိုက်တာနဲ့ History တွေလုံးဝကျန်မနေအောင်လို့
Browser ရဲ့ Options ကနေ Privacy ကိုဝင်ပြီး Never remember history လုပ်ထားပါတယ်

ဒါကိုလုပ်ဖို့ အရင်ဆုံး Browser ထဲက Recent histories တွေ အားလုံးကို အရင်ရှင်းရပါမယ်
Browser ရဲ့ ဘယ်ဖက်အပေါ်ဆုံးကိုနှိပ်လိုက်ပြီး ကျလာတဲ့ထဲက History ကနေ Clear Recent History ကိုနှိပ်ပါ





နောက်ထပ်ကျလာတဲ့ထဲမှာ everything ကိုရွေးပေးပြီး အောက်ဆုံးက Clear now ကိုနှိပ်ပေးလိုက်ပါ





ပြီးရင်တော့ Options ကိုသွားပြီး ပွင့်လာတဲ့ထဲက Privacy ဆိုတဲ့အောက်မှာ Never remember history ကိုရွေးပေးပြီး Ok ကိုနှိပ်ပေးလိုက်ရင် Browser ကို Restart ချရမယ့်အကြောင်း Message တက်လာပါမယ်
အဲဒါကိုလည်း Ok နှိပ်ပေးလိုက်ပါ ... Browser ဟာ ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်





ဒါဆိုရင် .. Browser ကို ပိတ်လိုက်ပြီဆိုတာနဲ့ အဲဒီ Browser မှာရှိနေတဲ့ History တွေဟာ
အလိုလို Delete လုပ်ပြီးသား ဖြစ်သွားပါတယ် ...

အဲ .. အင်တာနက်မှာ ရှာဖွေတုန်းက appdata ဆိုတဲ့ထဲမှာ မှတ်သားထင်ကျန်နေခဲ့တဲ့
Cookies အချို့နဲ့ Track အချို့ကို ရှင်းပစ်ဖို့ကိုတော့ Wipe ဆိုတဲ့ ဆော့ဝဲလေးကို သုံးပါတယ်
Wipe ကို ဖွင့်လိုက်တာနဲ့ History တွေ Cache တွေ Cookies တွေနဲ့ Track ကို အရင်ဆုံး လိုက်ရှာပါတယ်
ရှာပြီးလို့ ငြိမ်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ပွင့်လာပါတယ် ..





အဲဒီထဲက Continue ကို နှိပ်ပေးလိုက်တဲ့အခါ .. ခဏအကြာမှာ အောက်ကပုံလေး ထပ်ပွင့်လာပါတယ်
Internet Download Manager ထဲက Track တွေကိုရော ရှင်းပစ်မယ်ဆိုရင် Yes ကို နှိပ်ပေးလိုက်ပါ
Resume လုပ်ပြီး ဆက်ဒေါင်းစရာကျန်နေသေးတယ်ဆိုရင်တော့ No ကို နှိပ်ပေးလိုက်ပါ ( အကောင်းဆုံးကတော့ Yes ကို နှိပ်တာ အရှင်းလင်းဆုံးပါပဲ .. )





အဲဒီလို Yes/No တစ်ခုခုနှိပ်ပေးလိုက်တာနဲ့ ခဏအကြာမှာ အောက်ကပုံအတိုင်း ရှင်းလင်းရေး လုပ်ငန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်





အားလုံးငြိမ်သွားပြီဆိုရင်တော့ Exit program ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် Browser အားလုံးမှာ History , Cookies, Cache နဲ့ Track တွေ အားလုံးနီးပါးကို
ရှင်းလင်းပြီးသွားပြီဖြစ်ပါတယ် ..

Wipe ဆိုတဲ့ ဆော့ဝဲလေးရဲက နောက်ဆုံးဗားရှင်းကို အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်








Setup ဖိုင်ကို Install လုပ်ပြီးရင် Crack ဆိုတဲ့ဖိုဒါထဲက wipe ဆိုတဲ့ exe ဖိုင်လေးကို ကော်ပီကူးယူပြီး
C >> Program files >> Wipe 2013 ဆိုတဲ့ဖိုဒါထဲကို Paste လုပ်လိုက်ပါ
Message Box တစ်ခုပွင့်လာတဲ့အခါ Replace ပါတာကို ရွေးပေးလိုက်ပါ
ဒါဆိုရင် Full Version ဖြစ်သွားပါပြီ
အဲဒီလို အပေါ်မှာပြောခဲ့တဲ့အတိုင်း ရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးသွားပြီဆိုရင်တော့ Gmail အကောင့်အသစ်တစ်ခုလောက် ဖွင့်ကြည့်ပါ .. (ကောင်းတာက အားလုံးရှင်းပြီးရင် Restart ချလိုက်ဦး)
အဲဒီလိုဖွင့်တဲ့နေရာမှာ www.google.com.mm ကို မသုံးပါနဲ့ www.google.com ကနေပဲသွားပြီး အကောင့်သစ်ဖွင့်ပါ
Phone number အကွက်နဲ့ Location အကွက်တွေမှာ နိုင်ငံအမည်ကို United States ရွေးပေးပါ
(ဖုန်းနံပါတ်တော့ ထည့်စရာမလိုပါဘူး)
အဲဒီလိုဖွင့်ကြည့်ပါ ..
အကောင့်ငါးခုမှာ တစ်ခုလောက်ပဲ Verification တောင်းတာကြုံရပါလိမ့်မယ် ..
များသောအားဖြင့်တော့ Phone နံပါတ်မလိုပဲ အကောင့်တစ်ခု ရသွားတာက များပါတယ် ..
gmail အကောင့်ရသွားရင် Browser ကို ပိတ် ..
အပေါ်ဆုံးမှာပြောခဲ့သလိုပဲ Wipe ကိုသုံးပြီး ရှင်းလင်းရေးလုပ်
Facebook အကောင့်သစ်ကိုဖွင့် .. (နံမည်ကို အင်္ဂလိပ်နံမည်ပုံစံနဲ့ဖွင့်)
အဲဒီလိုလုပ်ကြည့်ပါ ..
အကောင့်သစ်တိုင်းနီးပါးအတွက် ဖုန်းနံပါတ် အတောင်းမခံရတော့တာကို တွေ့ရပါလိမ့်မယ်
နားလည်ထားဖို့က Facebook အကောင့်သစ်ဖွင့်တိုင်း Lock ကျတာပဲဖြစ်ဖြစ်
မသင်္ကာလို့ Phone Verification တောင်းတာပဲဖြစ်ဖြစ်
အကောင့်ရပြီးမှ Security Code တောင်းတာပဲဖြစ်ဖြစ် Browser ထဲက
History တွေ Cookies တွေ Cache တွေနဲ့ Track တွေကြောင့်သာ ဖြစ်လာရတယ်ဆိုတာကို
နားလည်ထားရင် ဘယ်လိုအကောင့်မျိုးမဆို အခက်အခဲမရှိနဲ့ ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

ချယ်ရီကိုးလ် သူမရဲ့ Tatto

ချယ်ရီကိုးလ် သူမရဲ့ Tatto များကိုထုတ်ဖော်ပြသ




နာမည်ကျော်အောင်မြင်တဲ့ Celebrity တွေတော်တော်များများဟာ ခန္ဓာကိုယ်
မှာ tatto ဆွဲတဲ့ ယဉ်ကျေးမူဟာယခုနောက်ပိုင်းတော်တော်များများလုပ်လာ
တာကို မြင်တွေ့နေရပါတယ်။

အချို့က မိမိရဲ့  အထိမ်းအမှတ်တစ်ခု ခုကြောင့် ရေးဆွဲတတ်ကြသလို၊အချို့က
အလှအပ အတွက်ရေးဆွဲတတ်ကြပါတယ်။

ချယ်ရီကိုးလ်ကတော့ သူမရဲ့ အထိမ်းအမှတ်ကြောင့်လား အလှအပကြောင့်
လား၊ဝါသနာကြောင့်လား ဆိုတာတော့ မေးခွန်းထုတ်သူတွေကတော့
ထုတ်နေကြပါတယ်။

အကြောင်းကတော့ သူမရဲ့  Tatto ဟာလူတွေပိုစိတ်ဝင်စားတဲ့ နေရာမှာ
ရေးထိုးစေတာက မီဒီယာစာမျက်နှာမှာ နာမည်ကြီးစေခဲ့ပါတယ်။

ယခင်က ချယ်ရီကိုးလ်တစ်ယောက် tatto ထိုးတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေ
မယ့် သူမဘယ်နေရာမှာထိုးတယ်ဆိုကိုဘယ်သူမှမသိခဲ့ပါဘူး။အဲတုန်းကလည်း
အရုပ်ကထိုးလို့မပြီးသေးတဲ့အတွက် ထုတ်ဖော်ပြသခြင်းမရှိဘူးလို့ဆိုနိုင်ပါ
တယ်။

ယခုသူမပြသလိုက်တဲ့ Tatto ကတော့ဆေးရောင်စုံတွေနဲ့ချယ်သထားတာကို
မြင်တွေ့ရမှာဖြစ်ပြီး သူဘာကြောင့်ထိုးတယ်ဆိုတာကတော့.........

ဘာညာ သတင်းထွက်နေတဲ

ခန့်စည်သူ နဲ့ ဘာညာ သတင်းထွက်နေတဲ့ အိချောပို


မော်ဒယ်လောကနေ ကြော်ငြာတွေ ဇာတ်ကားတွေမှာနေရာရလာတဲ့ သရုပ်ဆောင် အိချောပို ဟာ ဟိုလူနဲ့ လိုလို၊ ဒီလူနဲ့လိုလိုဖြစ်နေတဲ့ လူပျိုကြီးခန့်စည်သူနဲ့ သတင်းထွက်နေပြန်ပါတယ်။ သတင်းထွက်မယ်ဆိုလည်းထွက်ချင်စရာလို့ဆိုရလောက်အောင် ခန့်စည်သူနဲ့တွဲဖက်ပြီး ဇာတ်လမ်းတွေတပူးတတွဲကြီးရိုက်ကူးနေသလို ခန့်စည်သူ ဦးစီးထုတ်ဝေတဲ့   ဖြန့်ချီရေးဇာတ်ကားတွေမှာ အိချောပို ကို ပိုပြီးတွေ့နေရပါတယ်။



ခန့်စည်သူဟာ နန်းမြတ်ဖြိုးသင်း နဲ့လည်း ဘာလိုလိုသတင်းတွေ ထွက်နေသူပါ။အိချောပို ဆိုရင်လည်း အသက် ၂၀ ၀န်းကျင် ငယ်ရွယ်တဲ့ မော်ဒယ်မလေးတစ်ယောက်ပါ။ အိချောပိုဟာ အရပ်မြင့်မြင့်ဒေါင်ကောင်းသလို တောင့်တင်းတဲ့ကိုယ်ခန္ဓာကလည်း ခန့်စည်သူအပါဝင် ပရိတ်သက် ကိုပါဆွဲဆောင်နိုင်ခဲ့ပါတယ်။တချို့ချို့အနုပညာရပ်ဝန်းကတော့ Private  နေရာတွေမှာ သူတို့နှစ်ယောက်ကို တွေ့ရတယ်လို့ဆိုပါတယ်

ဒါလေးကတော့ ညီ/ညီမငယ်တွေအတွက်ပါ သိထားသင့်တယ်

ဒါလေးကတော့ ညီ/ညီမငယ်တွေအတွက်ပါ သိထားသင့်တယ်



လက်ရှိ ကျနော့ပတ်ဝန်းကျင်မှာ အွန်လိုင်းကနေ တွေ့ပြီး အပြင်မှာ တကယ် ညားသွား ကြတဲ့ အတွဲတွေ လက်ချိုးရေလို့ မရအောင် များပြားနေပါပြီ။

မြန်မာပြည်လည်း နောက်ဆိုရင် ဖွံ့ဖြိုးပြီး တိုင်းပြည်တွေလို ဖြစ်လာမလား စဉ်းစားစရာတွေ အင်မတန် များလာ ပါတယ်။ အချို့ က ပြောပါတယ်။ အွန်လိုင်းမှာတွေ့တာ မယုံကြနဲ့။ အားလုံးက အလိမ်အညာတွေ။ အညာခံသွားရ လိမ့်မယ်။ အစရှိသဖြင့်ပေါ့။ ကျနော်လည်း အစက အဲ့လိုပဲ အဆိုးမြင့်တဲ့ ဘက်မှာ ပါခဲ့ ဖူးပါတယ်။ ခုတော့ ပြောင်းလဲသွား ပါပြီ။ ခေတ်ကြီးက ပြောင်းလဲနေတာလေ။ အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ မချိန်းပါနဲ့လို့ ကလေးတွေကိုလည်း သွားတားလို့ မရဘူးလေ။ ခက်တာက ကလေးတွေတင် မကပဲ လူလတ်ပိုင်း၊ လူကြီးတွေအတွက်ထိပါ Online Dating က အရေးပါလာပါတယ်။ ဒီတော့ မြန်မာပြည်မှာ အွန်လိုင်းကနေတွေ့ပြီး အပြင်မှာ ချိန်းတွေတာကို သာမန် Dating တစ်ခုလို့ပဲ မြင်မိပါတော့တယ်။

သို့ပေမယ့် ဆင်ခြင်ရမယ့် အပိုင်းတွေ အများကြီး ရှိပါတယ်။ မတွေ့ခင်ကတည်းက တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ အပြန်လှန်မေးထားဖို့ လိုပါတယ်။ အွန်လိုင်း မှာကတည်းက ပြောဆိုဆက် ဆံတာ အဆင်မပြေရင် အပြင်မှာ တွေ့ဖို့ဆိုတာ ဝေလာဝေးလေ။ ဒီတော့ အွန်လိုင်း မှာကတည်းက တစ်ယောက်နဲ့ တစ်ယောက် စကားပြော ပြေပြစ်မှု ရှိမရှိကို အရင်သုံးသပ်ရပါမယ်။

Chatting တွင် စကားပြောပါ

Chatting မှာ စကားပြောတာတော့ သင်ပေးစရာမလိုဘူးလေ။ လူတိုင်းပြောတတ်နေတာပဲ။ တစ်ယောက် နဲ့ တစ်ယောက် ပြောပုံဆို ပုံ၊ ပြုမှုဆက်ဆံပုံက မတူတော့ ဘယ်လိုပြေပါ။ ဘာညတော့ ပြောလို့မရ ပါဘူး။ သို့ပေမယ့် ပြောဆိုမှုထဲမှာ အမည်၊ အသက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လက်ရှိနေရပ်၊ အိမ်ထောင် ရေး အရှုပ်အရှင်း၊ အချစ်ရေး အရှုပ်အရှင်း ရှိမရှိ အစရှိတဲ့ အရေးကြီး အချက်များကို မေးမြန်းဖို့လို ပါတယ်။ မေးမြန်း ပြောဆိုချက်များအရ Single ဖြစ်မယ်။ အရှုပ်အရှင်းကင်းမယ်ဆိုရင် Chatting level မှာ အောင်မြင်ပါပြီ။

Profile စစ်ဆေးပါ

နောက်တစ်ဆင့်ကတော့ Profile စစ်ဆေးတဲ့ အဆင့်ပါ။ ဒီခေတ်က Facebook ခေတ်လေ။ Facebook ဝင်ကြည့်ရင် အကုန်သိတယ်။ Timeline ကို ဒီနေ့ကစလို့ အကောင့်စဖွင့်တဲ့နေ့အထိ တောက်လျှောက်စစ်ဆေး။ Info မှာ သူ့ရဲ့  အလုပ်အကိုင်၊ ပညာအရည်အချင်း တွေကို ပြောထားတဲ့ အတိုင်းထည့်ထားလား၊ သို့မဟုတ် ဘာမထည့်ထားဘူးလား။ ထည့်ထားတာ နဲ့ ပြောတာနဲ့  လွဲနေလား အားလုံး စစ်ဆေးဖို့ လိုပါတယ်။ Chatting နဲ့ Profile Check နှစ်ခုလုံးက Virtual world မှာပါ။ ဒီနှစ်ဆင့်လုံး မှာ ပြောစရာမရှိအောင် အပြစ်ကင်းနေရင် နောက်တစ်ဆင့် အနေနဲ့ Real World ကိုတက်နိုင်ပါပြီ။


ဖုန်းပြောပါ

အွန်လိုင်းမှာ စကားပြောလို့က အဆင်ပြေသွားပြီ စိုပါဆို့။ နောက်တစ်ဆင့်က ဖုန်းဆက်တာပေါ့။ လူကို ဓာတ်ပုံထဲမှာသာ မြင်ဖူးပြီး စကားအပြောအဆို ဘယ်လိုရှိမယ်ဆိုတာ မသိဘူးလေ။ ဒီတော့ ဒုတိယ အဆင့် လုပ်ရမှာပါ။ အွန်လိုင်းမှာ သိထားတဲ့ အချက်အလက်၊ Chat ထဲက ပြောဆိုမှု နဲ့ အပြင်မှာ တကယ် ဖုန်းပြော ရတာနဲ့က ကွဲနိုင်ပါတယ်။ အသံနေအထားကို မူတည်ပြီးတော့ ဒီလူ လိမ်နေတာလား၊ အတည်လား ဆိုတာကို အခြေခံအားဖြင့် လူကဲခတ်လေးတော့ တတ်ဖို့လိုပါမယ်။ ဒါလည်း အားလုံး သိမှာပါ။ ဖုန်းဆက်လို့ အဆင်ပြေသွားပြီဆိုရင် နောက်တစ်ဆင့် ကတော့ တွေ့ဆုံရန် ချိန်းဆိုခြင်း ဖြစ်ပါတယ်။

အပြင်မှာ တွေ့ပါ

အွန်လိုင်းမှာကတော့ ပြောလို့အဆင်ပြေနေပါပြီ။ အပြင်မှာတွေ့ဖို့ ချိန်းကြတော့မယ်ဆိုပါစို့။ Public Place တွေကိုပဲ ရွေးရမှာပါ။ သတိထားရမှာတစ်ခုက မိမိရဲ့ နေရပ်လိပ်စာအနီးအနားကို မခေါ်မိစေဖို့ပါပဲ။ ဒါက အမျိုးသမီးများရဲ့ Personal Safety အတွက် စိုးရိမ်ရနိုင်ပါတယ်။ ဒါကြောင့် လူမြင်ကွင်း၊ လူသိများ စားသောက် ဆိုင်တို့ အအေးဆိုင်တို့လို နေရာမှာ ချိန်းရမှာ ဖြစ်ပါတယ်။

စောင့်ကြည့်စစ်ဆေးပါ

အပြင်မှာတွေ့တဲ့အခါလည်း ပြောဆိုဆက်ဆံရတာ အဆင်ပြေတယ်။ ဓာတ်ပုံတွေလည်း အင်တနက် ပေါ်က အတိုင်းပဲ ဆိုပါစို့။ ဒါနဲ့ပဲ အဆင်ပြေပြီလို့ မမှတ်လိုက်ပါနဲ့။ ပထမဆုံး တွေ့ဆုံမှုက ဖူးစာရှင်လို့ မှတ်ယူရင် မှားသွား နိုင်ပါတယ်။ ပထမဆုံး တွေ့ဆုံမှုက ရှေးရေစက်ကြောင့်မို့ တွေ့ရတယ်လို့ မှတ်ယူပြီး နောက်ပိုင်း အကြိမ်ကြိမ် အခါခါတွေ့ဖို့လိုပါမယ်။ ဒါကျတော့ Real World မှာလေ။ Real World မှာ ကောင်လေး တစ်ယောက် အနေနဲ့၊ ကောင်မလေး တစ်ယောက်နဲ့ တစ်ခါတွေ့ပြီးရင်၊ ဖုန်းနံပါတ်တွေလည်း ရှိသွားပြီ ဆိုရင် ဘယ်လို စစ်ဆေး၊အကဲခတ်၊ လေ့လာရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ခုက လူငယ်တွေတောင် မဟုတ်တော့ ပါဘူး။ လူကြီးတွေအတွက်လည်း၊ အလုပ်များတာကြောင့် Romantic ဆန်ဖို့အတွက် အချိန် မပေးနိုင်သူ များက အွန်လိုင်းကတော့ ဘဝလက်တွဲဖော်များ တွေ့လေမလားလို့ ရှာလာတတ်ကြပါတယ်။

အနှစ်ချုပ်
အချို့ တွေများ အမှန်အကန်နဲ့တွေ့သွားတာ ရှိပေမယ့် အချို့ အညာမိသွားတဲ့ ဇာတ်လမ်းတွေလည်း အများကြီးမှ အများကြီးပါ။ အိမ်ထောင်ရှိလျက်နဲ့ အပျို၊လူပျို ဇာတ်ခင်းပြီး ကွဲကွဲပြဲပြဲ ဖြစ်သွားတဲ့ အချစ်ဇာတ်လမ်း တွေ လည်း မြင်တွေ့နေရပါတယ်။ သူတို့ အဓိက လွဲသွားတဲ့ အဆင့်ကတော့ စောင့်ကြည့် စစ်ဆေးတဲ့ အချိန်ကာလမှာ ပါ။ အွန်လိုင်း မှာတွေ့ပြီး အပြင်မှာတွေ့တာက တစ်လတောင် မရှိသေးဘူး။ အိမ်ထောင်ပြု လိုက် တာမျိုးကျ လွန်တယ်လေ။ Online Dating လုပ်တယ်ဆိုတာက ရည်းစားဖြစ်ကြပါ၊ အိမ်ထောင်ပြကြပါဆိုတာမျိုး မဟုတ်ပါဘူး။ အပြင် မှာ တွေ့ဆုံပြီး ကိုယ်နဲ့ မိတ်ဆွေဖြစ်ဖို့ သင့်မသင့် စတင် စစ်ဆေးတဲ့ Stage မှာပဲ ရှိပါသေးတယ်။ အွန်လိုင်းမှာတုန်းက ပြောထားတဲ့ အချက်တွေ အားလုံးက ဟုတ်နေပြီ။ အပြင်မှာ ရုပ်လေး တွေ့ပြီး ဆုံးဖြတ်လို့ရ ပြီးရော ဆိုရင်တော့ ဒုက္ခရောက်သွား နိုင်ပါတယ်။ အလုပ်အရမ်းများပြီး ဘဝအတွက် လက်တွဲဖော် ရှာဖို့ အချိန်ပေးနိုင်သူများအတွက် ရည်ရွယ် ပါတယ်။

စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြ

စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြ


စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြ စွာ ဆောင် ရွက် လိုစိတ် ရှိကြောင်း သိရှိ ရသည်။ရှီကားဂိုး တက္ကသိုလ် မှ ပညာရှင် များသည် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အယောက် (၅၀၀) ၏ တံတွေးမှ တဆင့် လိင်မှု အာရုံကို လှုံ့ဆော်ပေးသော Testosterone ပမာဏကို တိုင်းတာ မှတ်သားခဲ့ရာ လိင်ဆိုင်ရာ ဆန္ဒပြင်းပြ သည့် အမျိုးသမီး များသည် အများအားဖြင့် လောင်းကစား ဆန်ဆန် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် တတ်သူများ ဖြစ်နေသည်ကို တွေ့ရှိ ခဲ့ရသည်။

ပညာရှင်များက လူတဦး ( အထူးသဖြင့် အမျိုးသမီး တဦး ) ၏ လိင်မှု စွမ်းရည်သည် အလုပ်အကိုင်၊ ငွေကြေး အခြေအနေ နှင့် ဆက်စပ်လေ့ ရှိကြောင်း ဖော်ပြခဲ့သည်။

ထီထိုးခြင်း ကဲ့သို့ ကံစမ်းမှုမျိုး နှင့် သေမြေကြီး၊ ရှင်ရွှေထီး စွန့်စားရသော အလုပ်အကိုင် များကို ခုံမင်လေ့ ရှိသည့် အမျိုးသမီးများ၏ Testosterone မှာ အမြင့်ဆုံး အနေအထား ရောက်ရှိ နေတတ်သလို ထို အမျိုးသမီးများ သည် လိင်မှု ကိစ္စတွင်လည်း အရဲကိုး ဆောင်ရွက်မှုများ ပြုလုပ်လေ့ ရှိကြောင်း ပညာရှင်များက ဆိုသည်။

ရှီကားဂိုး တက္ကသိုလ်မှ ပါမောက္ခ ဒါရီယို မာစထရီပီရီ က အမျိုးသမီးတဦး၏ လုပ်ရဲကိုင်ရဲ၊ ဆုံးဖြတ်ရဲသော စိတ်သည် လိင်မှု ဘ၀တွင်ပါ အကျုံးဝင် နေလေ့ရှိပြီး လိင်ဆိုင်ရာ စွမ်းဆောင်မှုကို ဖော်ဆောင်သည့် Testosterone ကို အမြင့်မားဆုံး တွန်းတင် ပေးတတ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

အကြမ်းဖက်သမားများက အမျိုးသမီးရင်သားတု ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ကာ ခြိမ်းခြောက်နေ

အကြမ်းဖက်သမားများက အမျိုးသမီးရင်သားတု ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ကာ ခြိမ်းခြောက်နေ


အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ဖောက်ခွဲရေး ပစ္စည်းများအား အမျိုးသမီးတို့၏ ရင်သားတုများ အသွင် ထုတ်လုပ်ခဲ့ကြပြီး ၎င်းတို့ပစ်မှတ်ထား တိုက်ခိုက်လိုသည့် နေရာများသို့ အစစ်ဆေးခံရခြင်း မရှိဘဲ တိုက်ရိုက် တိုက်ခိုက်နိုင်မည့် ဗုံးသယ်ယူရေး နည်းလမ်းသစ် တစ်ခု အဖြစ် အသုံးချနေကြပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းဗုံးများသည် အမျိုးသမီးများ၏ ပင်ကို ရင်သားနေရာတွင် ရင်သားတု ခွဲစိတ် တပ်ဆင်သကဲ့သို့ပင် တပ်ဆင်နိုင်မည်ဖြစ်ပြီး လေဆိပ်မှ လုံခြုံရေးများ စစ်ဆေးသည့် ကိရိယာများပင် ၎င်းရင်သားတုဗုံးများအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟုအား ရှာမတွေ့နိုင်ဟု အယ်လ်ကိုင်ဒါ အဖွဲ့၏ ဗုံးထုတ်လုပ်ရေး အရာရှိ အီဗရာဟမ်အယ်လ်အာဆီရီက ပြောကြားခဲ့ကြောင်း ကောလာဟလ သတင်းများ ထွက်နေခဲ့သည်။

လန်ဒန်မြို့ ဟီးသရိုးလေဆိပ်မှ လေဆိပ်ဝန်ထမ်းများကို ၎င်းရင်သားတု ဗုံးများအား အထူးစိစစ်ကြရန် သတိပေး ကြေညာထားသည့် အပြင် ၎င်းရင်သားတုဗုံးများဖြင့် ထိုးဖောက် ၀င်ရောက်ကာ တိုက်ခိုက်ခံရမည် ကိုပြည်သူများ ကြောက်လန့်နေကြသည်။ ရင်သားတုဗုံးများ သတင်းကြောင့် လေဆိပ်အတွင်း ၀င်ရောက်လာသော အမျိုးသမီးများအား သတိထားရန်နှင့် သံသယဖြစ်ဖွယ် မည်သည့် အမျိုးသမီးကို မဆို စစ်ဆေးရန် လေဆိပ်လုံခြုံရေး ၀န်ထမ်းများအား အထူးတာဝန် ချမှတ်ထားသည်။ အယ်လ်ကိုင်ဒါတို့ ခန္ဓာကိုယ်အတွင်း ထည့်ယူကာ ဖောက်ခွဲ တိုက်ခိုက်နိုင်သော ၎င်းရင်သားတုဗုံးများသည် အလွန် စိုးရိမ်တုန်လှုပ်ဖွယ် ကောင်းသော ဖောက်ခွဲရေး ပစ္စည်းများဖြစ်ကြောင်း ဖောက်ခွဲရေးပစ္စည်း ကျွမ်းကျင်ပညာရှင် အန်ဒီအော့ပန်ဟေးမားက ပြောကြားခဲ့သည်။

Swesone Media

Tuesday, August 27, 2013

ဂါဂါနဲ့ မယ်လီ တို့ ပြိုင်ခဲ့တဲ့ည

ဂါဂါနဲ့ မယ်လီ တို့ ပြိုင်ခဲ့တဲ့ည

performအများစု ထင်ထားတာက ကေတီပယ်ရီနဲ့ လေဒီဂါဂါတို့ VMA ရုပ်သံ တေးဂီတ ဆုပေးပွဲမှာ Performance အားပြိုင်မယ်လို့လေ။ သို့ပေမယ့် မဟုတ်ပါဘူး။ လေဒီဂါဂါနဲ့ မယ်လီဆိုင်းရက်စ် တို့ ဖြစ်ပါတယ်။
နဂိုကလည်း အဖော်အချွတ်ဝတ်ပြီး Performance လုပ်တာက လေဒီဂါဂါရဲ့  ထုံးစံပါ။ သူ့လိုပဲ နောက်တစ်ယောက် ပေါ်လာတယ်ဆိုရင်တော့ အားလုံး အံ့သြ ကြမှာပါပဲ။ မယ်လီဆိုင်းရက်စ် တစ်ယောက် လည်း  Blurred Lines အမည်ရ သီချင်းအတွက် အသက် ၃၀ ကျော် Robin Thicket အမျိုးသား အဆိုရှင်နဲ့ စင်ပေါ်မှာ Sexy Dance ကခဲ့ပါတယ်။ ဝီလ်စမစ်တို့ မိသားစု မျက်လုံးပြုးကြည့်ရတဲ့ အထိကိုပါ။ လေဒီဂါဂါ ကတော့ နောက်ဆုံးထွက်ရှိ ထားတဲ့ Applause သီချင်းနဲ့ သီဆို ဖျော်ဖြေ တင်ဆက်ပါတယ်။
မယ်လီဆိုင်းရက်စ် တစ်ယောက်ကတော့ MTV ပွဲပြီး နောက်ပိုင်း သတင်းထူးသွားတဲ့ အဆိုတော် တစ်ဦး ဖြစ်သွားပါတယ်။ အသက် ၂၀ ကျော်သာ ရှိသေးတဲ့ မယ်လီ တစ်ယောက် ဝတ်စားထားပုံက ဂါဂါနဲ့ အပြိုင်ပါပဲ။ အပြင်မှာ ပါတဲ့ Out Fit ကိုတောင် ချွတ်ပြီးတော့ Sexy Dance ကလိုက်ပါသေးတယ်။ နောက် တစ်ရက်လည်း ရောက်ရော Twitter , Facebook နဲ့အခြားသော Social Media Page တွေမှာ သူ့ကို သရော်ထားတဲ့ ပုံတွေ၊ ကာတွန်းတွေ၊ စာတွေ ပလူပျံသွားပါတယ်။ သို့ပေမယ့် ကိစ္စမရှိပါဘူး။ ဒါကိလည်း မယ်လီဆိုင်းရက်စ်တစ် ယောက် တွက်ချက်ထားပြီးသားပါ။ ကေတီပယ်ရီကတော့ လက်ဝှေ့ စင် မှာ Peformance လုပ်ပြီး သီဆိုဖျော် ဖြေ ပါတယ်။
အမေရိကန်က တေးဂီတ အနုပညာရှင်အများစု တက်ရောက်တဲ့ ပွဲမှာ လေဒီဂါဂါ နဲ့ ဆယ်လီနာ ဂေါမက်ဇ် ကတော့ လူပြောအများဆုံး သတင်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။
.

ကမ္ဘာ့ အသက်အကြီးဆုံး Facebook အသုံးပြုသူ ကားတစ်စီး လက်ဆောင်ရ

ကမ္ဘာ့ အသက်အကြီးဆုံး Facebook အသုံးပြုသူ ကားတစ်စီး လက်ဆောင်ရ



ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ Edythe Kirchmaier ကို

တော်တော်များများ သိကြ ပါတယ်။ သူဟာ လက်ရှိမှာ ကမ္ဘာ့အသက် အကြီးဆုံး
Facebook အသုံပြုသူ တစ်ဦးအဖြစ် စံချိန်တင်ထားလို့ ဖြစ်ပါ တယ်။ အသက် ၁၀၅
နှစ်ရှိပါပြီ။

ယနေ့အထိလည်း ကယ်လီဖိုးနီးယားပြည်နယ်မှာ
အသက်အကြီးဆုံး ကား လိုင်စင် ရရှိထားသူ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သမီး
အရွယ်ကတည်း က ကားမောင်းလိုင်စင် ရရှိထားသူ ဆိုတော့ ၁၀၅ နှစ်အထိ သက်တမ်းကို
တွက်ရင် ၈၆ နှစ်ကျော်သွားပါပြီ။ လက်တလောကပဲ ကားမောင်းလိုင်စင်
လုပ်ဖို့အတွက် စာမေးပွဲ ဝင်ဖြေခဲ့ပြီး အောင်သွားပါတယ်။ ဘာအက်ဆီးဒန့်မှ
မဖြစ်ပါဘူး။ အသက်ကြီးပေမယ့် သူ့ရဲ့  မှတ်ဥာဏ်၊ ကိုယ်ဟန် လှုပ်ရှားမှုဟာ
လူကောင်းတစ်ယောက်လိုရှိနေခြင်း ဖြစ်ပါတယ်။ သူ့ မူလကားကတော့ Ford Model T
ပါ။ ယခုတော့ ကားအသစ်ဖြစ်သွားပါပြီ။ အမည်မဖော်လိုသူ လက်ဆောင်ပေးသူ တစ်ဦးက
သူ့အတွက် ၂၀၁၃ မော်ဒယ် Honda Civic ကို လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။


ဒီတော့ သူမရဲ့  Facebook Page နဲ့ Account ကနေ ကားသစ်စီးနေတဲ့ပုံ၊
ကားသစ်ရတဲ့အတွက် ဝမ်းသာကြောင်း စာတွေ တင်ပြီး ပြသခဲ့ပါတယ်။ လက်ရှိမှာ Edthe
Kirchmaier ဟာ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile

နေရောင်အဟပ်ခံလိုက်ရတဲ့ အနွမ်းပန်းတစ်ပွင့်

နေရောင်အဟပ်ခံလိုက်ရတဲ့ အနွမ်းပန်းတစ်ပွင့်



နိုင်ငံပြောင်းလဲလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေလည်း အကုန်ပြောင်းလဲလာတယ်..ဒီကြားထဲမှာ ငွေကြေးပြည့်စုံတဲ့သူအတွက် လုပ်ငန်းတွေ လုပ်လို့ကောင်းတဲ့အချိန်အခါပဲလေ..ဒါပေမယ့် လက်လုပ်လက်စားဘ၀တွေအတွက် ကတော့ တွေးကြည့်စရာမလိုတော့ပါဘူး....တစ်နေ့တစ်နေ့ ရုန်းကန်နေလိုက်ကြရတာ..နဖူးကချွေး ခြေမ ကျတဲ့အထိပါပဲ....ဒီလိုဘ၀တွေအတွက် လက်ရှိ ပြောင်းလဲနေတဲ့ ဒီမိုကရေစီဆိုတာကရော သူတို့ဘ၀တွေကို အမှန်တကယ်ပြောင်းလဲပေးနိုင်ပါ့မလား...ငွေကြေးပြည့်စုံသူတွေအတွက်က စိတ်အေးချမ်းသာစွာနေနိုင်ကြတယ်..ဆမ်းရဲနမ်းပါးသူတွေအတွက်ကတော့ ဘယ်လိုလုပ် အေးချမ်းအနိုင်အုံးမလဲဗျာ.....အဲဒီထဲမှာ တကယ်မအေးချမ်းနိုင်သေးတာ အရွယ် အလတ်ပိုင်း မိန်းခလေးတွေဘ၀ပါပဲ.....ဘယ်သူ့ကို အပြစ်ပြောရမလဲ...

ဘယ်လိုထောက်ပြရမလဲဆိုတာကို မသိအောင်ထိပါပဲ..ဘာလို့လဲဆိုတော့..သူတို့ဘ၀ တွေက နေရောင်အဟပ်ခံလိုက် ရတဲ့ အနွမ်းပန်းတစ်ပွင့်လိုဖြစ်နေလို့ပါပဲ.......စစ်အုပ်ချုပ်ရေးလက်အောက်မှာ စီးပွားရေးမပြေလည်မှုတွေနဲ့ အမျိုးမျိုးရုန်းကန်ခဲ့တဲ့ သူတို့ရဲ့ နွမ်းနယ်နေတဲ့ဘ၀တွေက အခုဒီမိုကရေစီ ဆိုတဲ့ အသံလေးနဲ့ ပြန်လည် လန်းဆန်းလာမယ်ပဲရှိကြပါသေးတယ်....ခက်တာက ခုခေတ်မိန်းခလေးတွေ ရည်းစားနဲ့အတူ နေတာ...လိင်မှုနဲ့စီးပွားရှာတာကို သူတို့က ပေါ့ပေါ့လေးတွေးလာကြတာပါပဲ.....လွတ်လပ်တဲ့ နိုင်ငံမှာ လွတ်လပ်စွာလုပ်ပိုင်ခွင့် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်တွေရှိတယ်ဆိုတဲ့ အတွေးဆိုးတွေလည်း ၀င်လာကြတယ်ထင်ပါရဲ့.....ပြောချင်တာက ဒီမှာပါ......

ရန်ကုန်မြို့ပေါ်က (၅လွှာ၊ ၃လွှာ၊ )တွေမှာဖွင့်ထားတဲ့ တစ်ချို့ အလှပြုပြင်ဆိုင်တွေဟာ အလှပြုပြင်ရုံမကပဲ လိင်ပိုင်းဆိုင်ရာတွေနဲ့ မြူဆွယ်မှုတွေရှိနေတယ်လို့ သိရပါတယ်....အလှပြုပြင်ဆိုင်လို့ ဆိုင်းဘုတ်ထောင်ပြီး အနှိပ်ခန်းလိုလို လိင်ပိုင်းဆိုင်ရာ ဧည့်ဂေဟာလိုလိုဖြစ်နေတယ်လို့ ရန်ကုန်မြို့မှ ကိုယ်တွေ့ ကြုံခဲ့သူ မိတ်ဆွေတစ်ဦးပြောပြချက်အရသိရပါတယ်...တကယ်ပဲ အဲလိုမျိုးတွေ ဖြစ်လာခဲ့ရင် မြန်မာမိန်းခလေးတွေ အတွက် ရင်လေးစရာပါပဲ.......တစ်ချို့ဆိုင်တွေဆိုရင်လည်း စီးပွားရေးတွက်ခြေကမကိုက် ဒါပေမယ့် ပိုင်ရှင်ဖြစ်သူက ဆိုင်ကို ဆက်လက်ဖွင့်ပေးထားတယ်..ပိုင်ရှင်နဲ့ ဆိုင်က အလုပ်သမားတွေနဲ့ကလည်း အကုန်ဘာညာဘာညာ ဆိုပဲ....သဘောတူလို့ အတူနေတာ မပြောချင်ပါဘူး...ဒါပေမယ့် ငွေရှိတိုင်း မိန်းခလေးတွေရဲ့ ဘ၀ကို အပျော်တမ်းကစားနေတဲ့ ငွေကြေးရှင်တွေလည်း စာနာနားလည်ပေးသင့်တယ်လို့ပြောချင်တယ်....

နောက်တစ်ခု.....မြန်မာနိုင်ငံမှာ လိင်မှု ကိုတရားဝင်လုပ်ပိုင်ခွင့်တွေ တောင်းလာတာ သတင်းတွေမှာ ဖက်ရတယ်...တဖက်ကကြည့်ရင် ကောင်းပါတယ်....အပျော်အပါးကြိုက်တဲ့ ယောင်္ကျားတွေအတွက်

 ကောင်းတယ်လို့ပြောလို့ရသလို တဖက်ကကြည့်ရင် မြန်မာမိန်းခလေးတွေ လွယ်လွယ်နဲ့ ငွေများများရတာကိုကြည့်ပြီး ဘ၀ပေး ငွေရှာကြမှာကိုလည်းထည့်စဉ်းစားစရာမဟုတ်လား..

လက်ရှိအချိန်ထိ ရန်ကုန်မြို့ တော်တော်များများနေရာတွေမှာလည်း ရပ်ကွက် လူကြီးနဲ့ပေါင်းပြီး လိင်ကိစ္စတွေပြုလုပ်နေကြတာရှိပါတယ်.ခေတ်အဆက်ဆက်နာမည်ကြီးတဲ့ ရပ်ကွက်တွေလည်း ရှိနေတာပဲ...လက်ရှိအချိန်ထိပေါ့...ဥပမာ စော်ဘွားကြီးကုန်း တို့လိုပေါ့...အဲဒီမှာ လိင် လုပ်တဲ့အိမ် ၅ အိမ် ခြောက်အိမ်လောက်ရှိတယ်..." အိမ်တစ်လုံးမှာ မိန်းခလေး ၁၀ ယောက်အထက်ရှိကြတယ်...သူတို့က မိုးချုပ်မှ အဲဒီအိမ်ကိုလာကြတာ...ည ၈ နာရီလောက်ဆိုရင် ဒီလမ်းထဲမှာ ဘီယာမူးသားတွေနဲ့ အပျော်လာရှာကြတဲ့ ယောင်္ကျားတွေ နေ့တိုင်း မြင်နေရတယ်...အိမ်ရှင်တွေက ဒီနယ်မှာတာဝန်ကျတဲ့ ရဲတွေ နှင့် ရပ်ကွက်လူကြီးတွေကို ပေးကမ်းထားတာရှိတော့ ပတ်ဝန်းကျင်က ပြောလည်း မထူးဘူးလေ..ဒီတော့ ဒီအတိုင်းပဲကြည့်နေရတာပေါ့"

စော်ဘွားကြီးကုန်းမှာနေထိုင်တဲ့ ကျော်ဇင် က ပြောပြထားပါသေးတယ်.......လက်ရှိအများဆုံးစုဝေးရာနောက်တစ်နေရာကတော့ ညဖက်တွေ မီးရောင်စုံအောက်မှာ ပျော်ပါးသောက်စားကခုန်ကြတဲ့ ကလပ်ဆိုတဲ့နေရာတွေမှာပါပဲ..အဲဒီကလပ် ကပြန်တဲ့အချိန်မှာ အိမ်မပြန်ကြပဲ အနီးအနားတည်းခိုခန်းတွေမှာ ချစ်သူ...ဒါမှမဟုတ် ကာစတာမာ တွေနဲ့ ထပ်ပြီး ပျော်မြူးကြသေးတယ်လို့ မင်္ဂလာတောင်ညွန့်မှ ကိုစိုးနိုင် ကလည်းပြောပြပါသေးတယ်..

ဘာပဲဖြစ်ဖြစ် မြန်မာမိန်းခလေးတွေ ငွေကြေးကြောင့် ဘ၀မပေးမိစေဖို့ပဲပြောချင်ပါတယ်....

တာဝန်ရှိတဲ့သူတွေကလည်း စီစစ်ကြပ်မက်သင့်ပါတယ်လို့အကြံပြုရင်း............