ငွေချေးချွတ်ဆေးကို သောက်ရေအထင်ဖြင့် သောက်မိသူသေဆုံး
သေဆုံးသူမှာ အသက် ၂၀ အရွယ် ကိုအောင်ဘိုဘိုဆိုသူဖြစ်ပြီး သူသည်မရမ်းကုန်းမြို့နယ်တွင် နေထိုင် သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
၎င်းသည် အမဖြစ်သူ၏ ငွေပန်းတိမ်ဆိုင်သို့ ခေတ္တအလည်ရောက်လာစဉ် ငွေများကို ချေးချွတ်သည့် ဆေးရည်ကို မှားယွင်းသောက်သုံးမိပြီး ပါးစပ်မှအမြှုပ်များထွက်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲများက စစ်ဆေးတွေ့ရှိခဲ့သည်။
အမဖြစ်သူက ရဲကို ထွက်ဆိုရာတွင် သူအပြင်သို့ ခေတ္တသွားနေစဉ် သူ့မောင်သည် ငွေချေးချွတ်ဆေး များကို သောက်လိုက်ခြင်းဖြစ်ပြီး ၎င်းအိမ်သို့ ပြန်လာချိန်တွင် ပါးစပ်မှအမြှုပ်များထွက်နေသည်ကို တွေ့ ရှိခဲ့သည်ဟု ပြောဆိုထားသည်။
ချေးချွတ်ဆေးများသည် မက်စ်အချိုရည်ဗူးအစိမ်းရောင်ဖြင့် ထည့်ထားခြင်းဖြစ်သဖြင့် သောက်ရေဖြင့် မှားယွင်းသောက်မိခြင်းဖြစ်နိုင်သည်ဟုလည်း သေသူ၏အမဖြစ်သူက ရဲကိုဆက်ပြောထားသည်။
ကိုအောင်ဘိုဘိုကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်သေးသော်လည်း ကုသနေစဉ်တွင်ပင် သေဆုံးသွားခဲ့ သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။
အဆိုပါသေဆုံးမှုကို ရဲများက မတော်တဆသေဆုံးခြင်း ဟုတ်မဟုတ် သေချာစေရန် အလောင်းကို ဆေးရုံတွင် မှုခင်းဆရာဝန်များဖြင့် ဆက်လက်စစ်ဆေးနေသည်ဟု ဆိုသည်။
ယခုအမှုကို မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၃/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။
ဇော်ဇော်ထွေး
No comments:
Post a Comment