Friday, August 23, 2013

ခိုးကူး ပညာပေး Animation ဇတ်ကားမှာလည်း သရုပ်ဆောင် ဖြစ်တယ်ဆိုတဲ့ ယုသန္တာတင်

ခိုးကူး ပညာပေး Animation ဇတ်ကားမှာလည်း သရုပ်ဆောင် ဖြစ်တယ်ဆိုတဲ့ ယုသန္တာတင်မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရိုက်ကူးသည့် ခိုးကူး ခွေပညာပေး Animation ဇာတ်ကားတွင် သရုပ်ဆောင် ခန့်စည်သူ၊ သရုပ်ဆောင် နေမင်းတို့နှင့် တွဲဖက် ပါဝင်သရုပ် ဆောင်ထားကြောင်း သရုပ်ဆောင် ယုသန္တာတင်က ပြောသည်။ " အခု ခိုးကူးက အနုပညာရှင်တွေ အတွက် နစ်နာတယ်ဆို တာ တော်တော်များများလည်း ပြောနေကြတယ်၊ ခိုးကူးနဲ့ ပတ်သက်ပြီး Animation ပုံစံလေး ရိုက်ထားပါ တယ်။ ထွက်လာရင် ပရိသတ်တွေ ကလည်း စောင့်ကြည့် ကြပါ"ဟု ၎င်းက ပြောပြသည်။ ယခု လတ်တလောတွင် သရုပ် ဆောင် ယုသန္တာတင် အနေဖြင့် ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ရိုက်ကူး သည့် " နောက်လူတွေ ငါ့လိုမဖြစ် ရအောင် ငါ့ကိုသင်ခန်းစာယူ" အမည်ရှိ ဗီဒီယို ဇာတ်ကားတွင် သရုပ်ဆောင် ခန့်စည်သူ၊ အိချောပို တို့နှင့်တွဲဖက်သရုပ်ဆောင် ထားကြောင်း၊ အဆို ပါ ဇာတ်ကားတွင် အိချောပိုနှင့်ပြိုင်ဘက် တစ် ယောက်အဖြစ် သရုပ်ဆောင် ထားကြောင်း၊ အချစ် ရေးတွင်လည်း ချစ်သူမရှိတဲ့ ဘဝနဲ့ အလုပ်ကိုပဲ ကြိုးစားလုပ် နေကြောင်း ယုသန္တာတင်က ထပ်မံ ပြောပြသည်။ သရုပ်ဆောင် ယုသန္တာတင်သည် ၂၀ဝ၉ ခုနှစ် ဆေးကြော်ငြာရိုက်ကူး ရာမှ အနုပညာ လောကသို့ လျှောက်လှမ်းလာခဲ့ပြီး ၂၀၁၀ ခုနှစ် အကယ်ဒမီဆု ချီးမြှင့်ပွဲ တွင် ဗန်းကိုင် တစ်ယောက် အဖြစ် ရွေးချယ် ခံခဲ့သည်။  

No comments:

Post a Comment