
ကျောရိုးနဗ်ကြော မကြာခဏ ရောင်ရမ်းသော ရောဂါရှင်များတွင် ဗီတာမင် ဒီ
သိသိသာသာ ချို့တဲ့ခြင်းနှင့် ဆက်စပ်နေသည်ဟု အာရုံကြောဆိုင်ရာ ဆေးပညာ
မော်ကွန်းတိုက်၏ လေ့လာ တွေ့ရှိချက်က အွန်လိုင်းတွင် ဖော်ပြခဲ့ရသည်။ ဗီတာမင်
ဒီ သည် ခန္ဓာကိုယ်ထုတ် ဗီတာမင်ဒြပ်ပေါင်း တစ်မျိုး ဖြစ်သည်။ ၎င်းသည် အူအတွင်း
အစာစုပ်ယူမှု၊ ထုံးဓာတ်နှင့် မီးစုန်းဓာတ်တို့၏ ဇီဝဖြစ်စဉ်ကို
မြှင့်တင်ပေးသော ဒြပ်ပေါင်းတစ်မျိုးလည်း ဖြစ်သည်။ ပြီးခဲ့သော
နှစ်များအတွင်း ဗီတာမင် ဒီ ချို့တဲ့ခြင်းသည် အာရုံကြောစနစ်
ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှု စကားပြောဆိုမှု စသည့် ရောဂါအပါအဝင်
အလိုအလျောက် ကိုယ်ခံအား အခြေအနေများနှင့်လည်း ချိတ်ဆက်နေတယ်လို့
သိရှိရပါသည်။ သို့သော် ပြီးခဲ့သော ဆောင်းပါးပါ အချက်အလက်များအရ
ကျောရိုးနဗ်ကြောရောဂါနှင့် ပင်မအာရုံကြောစနစ်ရောဂါ အပါအဝင် အာရုံကြောစနစ်
ယိုယွင်းမှုကြောင့် မဟုတ်သော မကြာခဏ ကျောရိုးနဗ်ကြော နာမကျန်းခြင်းများတွင်
ဗီတာမင် ဒီ ၏ အရေးပါပုံကို မသိရှိခဲ့ရပေ။ ကျောရိုးနဗ်ကြော ရောဂါဆိုသည်မှာ
အာရုံကြောအမျှင်များကို ကာကွယ်ပေးသော အလွှာထပ်တွင် ဖြစ်ပွားသောရောဂါ
ဖြစ်သည်။ အဆိုပါ ရောဂါလက္ခဏာများမှာ ခါးနာ၊ ခြေမသန်ခြင်းတို့ပဲ ဖြစ်သည်။
ပင်မအာရုံကြော စနစ်ဆိုသည်မှာ အမြင်အာရုံကြောနှင့် ကျောရိုးနဗ်ကြောတွင်
ဖြစ်ပွားသောရောဂါ NMO ဖြစ်သည်။ ဂျွန်ဟော့ကင်း တက္ကသိုလ်မှ
မော်ရမ်မီရာလီနှင့် လုပ်ဖော်ကိုင်ဖက် အပေါင်းအပါများက ဗီတာမင် ဒီ
ချို့တဲ့မှုနှင့် မကြာခဏ ကျောရိုးနဗ်ကြောရောဂါအကြား ဆက်နွယ်မှုကို စစ်ဆေး
တွေ့ရှိခဲ့ကြသည်။ ၎င်းတို့ဟာ ဝေဒနာရှင် ၇၇ ဦးရဲ့ဗီတာမင် ဒီ အဆင့်များကို
ပိုင်းခြားစိတ်ဖြာပြီး လေ့လာခဲ့ရာ ရာသီဥတု၊ အသက်၊ လိင်၊ လူမျိုး
စသဖြင့်တို့နဲ့လည်း ညှိနှိုင်းခဲ့ရသည်။ ထိုသို့ လေ့လာခဲ့ရာ အဆိုပါ
ဝေဒနာရှင်များတွင် ဗီတာမင် ဒီ အဆင့်သိသာစွာ လျော့နည်းနေကြောင်း ရှာဖွေ
တွေ့ရှိခဲ့ရသည်။
No comments:
Post a Comment