အသက် ၁၇ နှစ်အရွယ် Google သိပ္ပံဆု ရရှိသူ
Brittany Wenger လို့အမည်ရပါတယ်။ ၂၀၁၂ ခုနှစ် Google Science ပြိုင် ပွဲ
ကိုဝင်ပြိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်တွေ အတွက် သီးသန့် ဖန်တီးပေး တဲ့
ပြိုင်ပွဲပါ။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ပါ။
ဆုရရှိသူသွားသူကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Brittany Wenger အမည်ရ
ကလေးမပဲ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သူ ဖန်တီးလိုက် တာကတော့
အမျိုးသမီး ရင်သားကင်ဆာ ကုသဖို့အတွက် အသုံးဝင် တဲ့ ဆော့ဖ်ဝဲလေးပါ။ Leukemia
လို့ခေါ်တဲ့ ရောဂါကို ဖြစ်နိုင်ချေ ရှိမယ့် ပိုးမွားနဲ့ ဆဲလ်တွေကို
ထောက်လှမ်းပေးမယ့် diagnostic tool လေးပါ။
ဆရာတွေအတွက် အသုံးပြုရလွယ်ကူစေမယ့် ဆော့ဖ်ဝဲလေး ဖြစ်ပါတယ်။ Breast
Cancer ဖြစ်နိုင်ချေ ရှိတာကို ယခင်ကထက် အလွယ်တကူ ပိုမို မြန်ဆန်စွာ
သိရှိနိုင်ပြီး တားဆီးကာကွယ်ဖို့အတွက် အချန်မှီ ကုသနိုင် ပါတယ်။ ယင်း အတွက်
လိုအပ်တဲ့ Application ကို Brittany က တီထွင် ဖန်တီးခဲ့တာပါ။
သူမဟာ အမေရိကန်ပြည်ထောင်စုက အထက်တန်း စီနီယာ ကျောင်းသူ တစ်ဦးသာ
ဖြစ်ပြီး neural network ဘာသာရပ်ကို လေ့လာ သင်ကြား နေပါတယ်။ အသက် ၁၃
နှစ်အရွယ်ကတည်းက Code ရေးသား ခင်းကို ကိုယ်တိုင် စာအုပ်ဖတ် လေ့ကျင့်လာသူ
ဖြစ်ပြီး ယနေ့မှာ ယခုကဲ့သို့ ဖန်တီးနိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
-
Ref: mashable
ရိုးရာလေး နည်းပညာ
ဖွးဖွေး - မိန်းမပိုဆန်လာတာ ဘာကြောင့်လဲ မိန်းကလေးအချင်းချင်းပဲသိမှာပါ
Q. ဖွေး ဒီနှစ်ချစ်သူဆီက ဘာ လက်ဆောင်ရလဲ
A. ရှူးတိုးတိုး
Q. ဖွေးဖွေးကို ဘယ်လောက် သိလဲမေးခွန်းတွေက မများလွန်းဘူးလား
A. မေးခွန်းတွေက ဖွေးဖွေးရယ်၊ အမေရယ်၊ ကိုဝိုင်းရယ် တိုင်ပင်ပြီးမေးကြတာ။ ဖွေး ဒီအနုပညာ အလုပ်လုပ်ကတည်းက ပရိသတ်နဲ့ ရင်ဘတ်ချင်းဆက်ပြီး ခံစားတယ်။ ငါသာ ပရိသတ်နေရာမှာဆိုရင် ဒီ လိုမျိုးကြိုက်ပါ့မလားဆိုပြီး ပရိသတ် ဘက်ကအမြဲတွေးတယ်။ အဲဒီအတွက် ပရိသတ်နဲ့ဖွေးနှလုံးသားချင်း ရင်းနှီးနေတယ်လို့ ခံစားရတယ်။ ကတ်သီးကတ်သတ်မေးခွန်းလေးတွေ မေးတာက ပျော်စေချင်လို့မေးတာပါ။ ၂၅ခု မေးတာက ဖွေးအသက် ၂၅နှစ်အတွက် အမှတ်တရလုပ်ပေမယ့်အရမ်းများမှန်းသိတယ်။ အဲဒီ အတွက် အများဆုံးဖြေနိုင်တဲ့သူတွေ ကိုစုပြီး မွေးနေ့ Dinner ကျွေးတဲ့ သဘောမျိုးပါ။ တကယ် အဖြေမှန် တာတစ်ယောက်ပဲရှိတယ်။ သူ့ကို ဖွေး CASIO နာရီလေးလက် ဆောင်ပေးလိုက်တယ်။
Q. လက်ပံတုန်းကလည်း တစ်ကားလုံးက အနီရဲရဲဝတ်တယ် မွေးနေ့ဝတ်စုံက အနီဆိုတော့ အနီရောင်က ဖွေးဖွေးကို ကံကောင်းစေသလား
A. ဟုတ်။ အနီရောင်က ဖွေး အတွက်ကံကောင်းစေတယ်လို့ ပြောလို့ရပါတယ်
Q. အရင်ကဖွေးရဲ့ဝတ်စားဆင် ယင်ပုံက နည်းနည်းလေးယောက်ျား ဆန်ပေမယ့် ခုမိန်းမဆန်ဆန်ဖြစ် လာတာ အချစ်ကြောင့်လား
A. အစကတည်းက ဖွေးဖွေးရဲ့ အပြင်ကာရိုက်တာက ကနွဲ့ကလျမ လုပ်တတ်ဘူး။ ဖွေးက မင်းသမီး တစ်ယောက်ဖြစ်ဖို့ထက် သရုပ် ဆောင်ကောင်း တစ်ယောက်ဖြစ် ချင်ခဲ့တာ။ ကာရိုက်တာအကုန်ဝင် အောင်သရုပ်ဆောင်နိုင်သူ ဖြစ်ချင် တော့ အမာပဲဖြစ်ဖြစ် အပျော့ပဲဖြစ် ဖြစ် ပုံစံဝင်အောင်ပြောင်းဖြစ်ပါ တယ်။
Q. မိန်းမပိုဆန်လာတာ ဘာ ဖြစ်လို့လဲ ချစ်တတ်လို့လား
A. ရှင် ...အဲဒါမိန်းမအချင်း ချင်းပဲသိမှာပေါ့။
Q. ဖွေးဖွေး သီချင်းဆိုဖို့ကရော
A. Single ခွေထုတ်ဖို့က ဖွေးဖွေးရဲ့မဖြစ်သေးတဲ့ အိပ်မက်တစ်ခု။ ခုကအလုပ်တွေ ရှုပ်နေတော့ အဲဒီ အိပ်မက်ကလေးဖြစ်လာပါတော့မလားတောင်ဖြစ်နေတယ်။ သီချင်းကို ဖွေးက ကိုယ်တိုင်ရေးတယ်။ သံစဉ် ကလည်း ကိုယ်ပိုင်သံစဉ်ပဲလုပ်တယ်။ တီးတဲ့လူတွေနဲ့ကျတော့ ကိုယ်နဲ့မိသားစုလိုဖြစ်ပြီး စိတ်တိုင်း ကျတဲ့ လူတွေနဲ့ပဲဆိုတော့ ကြာဦး မယ်ထင်ပါတယ်။
8 DAYS A WEEK ENTERTAINMENT

No comments:
Post a Comment